ရခိုင်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမည်

By DMG / 2024 April     18

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသဖြင့် ယခုရက်ပိုင်းအတွင်း ရခိုင်ဒေသတွင် မိုးရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီ ၁၈ ရက်၊ ညနေအထိ ခန့်မှန်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု ဆိုသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ဆိုသည်။

မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသောဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း ဧပြီ ၁၅ ရက်တွင် မိုးဇလက အကြံပြုထားသည်။

https://www.facebook.com/dmgnewsagency/posts/822840683222863

Leave a Reply

Your email address will not be published.