SSA နှစ် ၆၀ ပြည့် အခမ်းအနားတွင် AA ဒုစစ်ဦးစီးချုပ် ပြောကြားချက်

By Western News / 2024 April     26

ဧပြီလ ၂၄ ရက်နေ့တွင် ကျရောက်သော သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားကို အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သည်။

သျှမ်းပြည်တပ်မတော် SSA နှစ် ၆၀ ပြည့်အခမ်းအနားကို SSPP/SSA ဌာနချုပ်ဖြစ်သည့် ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ကျင်းပခဲ့ပြီး မိတ်ဖက်အဖြစ် ဂုဏ်ပြုသည့်အနေဖြင့် ဒေါက်တာညိုထွန်းအောင်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အခမ်းနားတွင် စကားပြောခွင့်ရပြီး SSPP ဥက္ကဌကို အာရက္ခတပ်တော် AA က လွန်ခဲ့သော ၅ နှစ်က ပေးရမည့် ဆုတံဆိပ်ကို အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့သော်လည်း ယခုအချိန်တွင် ပေးအပ်နိုင်ခဲ့ပြီဟု သိရသည်။

Western News-WN

https://www.facebook.com/watch/?v=994030842285842

Leave a Reply

Your email address will not be published.