မိုင်းနှင့်အကြမ်းဖက်အန္တရာယ်ကိုစိုးရိမ်၍မေယုတောင်တွင်ဝါးခုတ်သူနည်းပါး၍ ဝါးရှားပါးကာဈေးမြင့်တက်နေ

By Narinjara / 2025 February 26 ရခိုင်ဒေသတွင် စစ်ကျန်မိုင်းနှင့်အကြမ်းဖက်အန္တရာယ်ကိုစိုးရိမ်၍မေယုတောင်တွင်ဝါးခုတ်သူ နည်းပါး၍စျေးကွက်တွင်ဝါးများရှားပါကာဈေးမြင့်တက်နေကြောင်းသတင်းရရှိသည်။ ၂၀၂၄ခုနှစ်ဒီဇင်ဘာလတွင်ဝါးအလုံး၁၀၀လျှင်ကျပ်လေးသောင်း၊ငါးသောင်းပတ်ဝန်းကျပ်သာစျေးရှိခဲ့ရာက ၂၀၂၅ခုနှစ်ဇန်နဝါရီလမှစတင်ပြီးဝါးအလုံးရေ၁၀၀လျှင်ကျပ်၁သိန်းကျော်အထိဈေးမြင့်တက်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။ “အခုပွင့်လင်းရာသီမှာနေအိမ်တွေပြုပြင်ဖို့လိုနေပြီ။ ဝါးကိုကျနော်တို့ဒေသမှာက အဓိကအသုံးပြုနေကြတယ်။ဝါးဈေးမြင့်တက်လာတောနေအိမ်တွေပြုပြင်ဖို့အခက်အခဲဖြစ်‌နေကြရတယ်”ဟုဒေသခံတစ်ဦးကပြောဆိုသည်။ ရခိုင်ဒေသတွင်ဝါးကိုအိမ်မိုးရာတွင်လည်းကောင်း၊အိမ်ထရံကာရာတွင်လည်းကောင်း၊ခြံစည်းရိုးကာရံရာတွင်လည်းကောင်း၊ကွပ်ပျစ်နှင့်အိမ်ကြမ်းခင်းရာတွင်လည်းကောင်း၊တောင်း၊ခြင်းများအပါအဝင်အိမ်အသုံးအဆောင်များပြုလုပ်ရာတွင်လည်းကောင်း ဝါးကိုတွင်ကျယ်စွာအသုံးပြုနေကြရဆဲဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ဝါးစျေးနှုန်းမြင့်တက်နေသဖြင့်ဝါးကိုအဓိကအားထားနေရသည့်မောင်တောဒေသတွင်ပြည်သူများအခက်အခဲကြုံတွေ့နေရသည်ဟု၎င်းကပြောဆိုသည်။ ” တစ်ဖက်ကမြေမြုပ်မိုင်းအန္တရာယ်ရှိသလိုတစ်ခြားတစ်ဘက်မှာအာဆာအန္တရာယ်လည်းရှိနေတော့လူတွေက မေယုတောင်တောနက်တွေအထိသွားရောက်ပြီးဝါးတွေမခုတ်တော့ဘူး။ဒါကြောင့်ဝါးစျေးကွက်မှာဝါးရှားပါးလာတာကြောင့်ဝါးဈေးနှုန်းကမြင့်တက်လာနေတယ်”ဟုမောင်တောဒေသခံတစ်ဦးကပြောကြားသည်။ …

လေးမြို့ချောင်းဒေသတွင် နှစ်ရှည် သီးပင်၊ စားပင် စိုက်ပျိုးမှုလျော့နည်းလာ

By DMG  / 2025 February 25 ရခိုင်ပြည်၏ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးကဏ္ဍကို အဓိကလုပ်ကိုင်ကြသည့် မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသတွင် နှစ်ရှည် သီးပင်၊ စားပင်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာကြောင်း နှစ်ရှည်သီးပင်စိုက် တောင်သူများက ပြောဆိုကြသည်။ …

ရခိုင်ဒေသထွက် သလူယပ်တောင် အခုနှစ်နွေရာသီမှာ ဈေးကွက်ရဖို့ မျှော်လင့်နေ

By Narinjara / 2025 February 23 အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်အများအပြားကို လက်ရှိမှာ လွတ်လပ်စွာကုန်သွယ်သွားလာခွင့်ရနေတဲ့အတွက် အခုနှစ်နွေရာသီမှာ သလူ(စလူ)ယပ်တောင်ဈေးကွက်ရရှိဖို့ မျှော်လင့်နေတာဖြစ်တယ်လို့ မြောက်ဦးမြို့က ယပ်တောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မခင်သိန်းက ပြောပါတယ်။ရခိုင်မှာ တိုက်ပွဲတွေ …

ကျောက်ဖြူတွင် တိုက်ပွဲများစတင်ဖြစ်ပွားနေသော်လည်း အထူးစီးပွားရေးဇုန်နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် စစ်ကောင်စီပြင်ဆင်နေ

By Narinjara / 2025 February 23 ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ ယခုရက်ပိုင်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားလာနေသော်လည်း အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု သိရသည်။ ယင်းသို့အကောင်အထည်ဖော်နိုင်ရန်မြန်မာနှင့် တရုတ်အမျိုးသားပိုင်ကုမ္ပဏီ …

ရခိုင်မှာ စပါးဈေးကျဆင်းနေလို့ လယ်သမားတွေ အရှုံးပေါ်

By Narinjara / 2025 February 22 ရခိုင်ပြည်တွင် စပါးစျေးကျဆင်းနေသည့်အတွက် လယ်သမားများအရှုံးပေါ်နေ၍ လယ်သမားများ၏ ရေရှည်အကျိုးကို ကြည့်ပြီး အာရက္ခပြည်သူ့အစိုးအနေဖြင့် စပါးစျေးပြန်လည်မြင့်တက်လာရေးအတွက် အတိုင်းအတာတစ်ခုထိဆောင်ရွက်ပေးရန် လယ်သမားများက တောင်းဆိုနေကြသည်။ ယခုနှစ်တွင် ပေါ်ဆန်းမွှေး(ကောက်လတ်)နို့ဆီဗူး ၆၅ …

ကျောက်ဖြူတွင် တိုက်ပွဲများဖြစ်နေသော်ည်း SEZ အကောင်ထည်ဖော်ရေး နေပြည်တော်က ဆွေးနွေးနေ

By DMG  / 2025 February 22 ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများရှိနေသော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေကြောင်း တွေ့ရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ရက်တွင် …

ရခိုင်ဒေသမှာ”ပန်းအိမ်လှည်း”လို့ ခေါ်တဲ့ကိုင်းရိုးတံမြက်စည်းတွေကို ဝယ်ယူသုံးစွဲတာများလာကြလို့ တံမြက်စည်းလုပ်ကိုင်ရောင်းချသူတွေ စားဝတ်နေရေးအဆင်ပြေနေတယ်လို့ သိရပါတယ်။

By Narinjara / 2025 February 21 လက်ရှိ ရခိုင်ဈေးကွက်မှာ ပြည်မဘက်ကလာတဲ့ ဖိုင်ဘာရိုးတပ်ကော် တံမြက်စည်းတစ်ချောင်းကို ၁၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်ထိရှိနေပြီး ရခိုင်ဒေသလုပ် ကိုင်းရိုးတံမြက်စည်းတစ်ချောင်းကိုတော့ အများဆုံး ၂၅၀၀ ကျပ်ပဲ …

ရခိုင်မှာ အရက်ချက်ပြီး ဝက်‌မွေးမြူရေးပူးတွဲလုပ်သူတွေ စီးပွားဖြစ်နေ

By Narinjara / 2025 February 20 အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားသည့် ရခိုင်ဒေသတွင် ဒေသထွက် တောအရက်များချက်လုပ်ပြီး ဝက်‌မွေးမြူရေးကို ပူးတွဲလုပ်ကိုင်သူများ စီးပွားဖြစ်နေကြကြောင်း သိရသည်။ တောအရက်များချက်လုပ်သူများတွင် အရက်ချပြီးနောက်ကျန်ခဲ့သည့် စိမ်ရည်ဖတ်(ဒေသအခေါ် ဘင်းဂါဖတ်)များကို ဝက်စာအဖြစ် …

ရခိုင်တွင် ဆိုင်ကယ်ဦးထုပ် ဈေးမြင့်တင်ရောင်းချနေမှုများကို ကြပ်မတ်ပေးရန် လိုအပ်နေ

By DMG  / 2025 February 20 ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ဆိုင်ကယ်ဦးထုပ်များကို အဆမတန် ဈေးမြင့်တင်ရောင်းနေမှုများရှိနေ၍ အာဏာပိုင်များအနေဖြင့် ကြပ်မတ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။အာရက္ခတပ်တော်က ယာဥ်အန္တရာယ်ကင်းစင်ရေးအတွက် …

ရခိုင်တွင် “ပန်းအိမ်လှည်း”ခေါ် ရာသီပေါ် ကိုင်းရိုးတံမြက်စည်းများ ဝယ်ယူသုံးစွဲမှုများနေ

By Narinjara / 2025 February 19 “ပန်းအိမ်လှည်း”ဟု ရခိုင်ဒေသတွင်ခေါ်သည့် ကိုင်းရိုးတံမြက်စည်းများကို ဝယ်ယူသုံးစွဲမှုများလာကြ၍ အဆိုပါ တံမြက်စည်းလုပ်ကိုင်ရောင်းချသူများ စားဝတ်နေရေးအဆင်ပြေနေကြောင်း သိရသည်။ လက်ရှိ ရခိုင်ဈေးကွက်တွင် ပြည်မဘက်မှလာသည့် ဖိုင်ဘာရိုးတပ်ကော် တံမြက်စည်းတစ်ချောင်းကို ၁၅၀၀၀ …