သံတွဲ​-တောင်ကုတ်ကားလမ်းတလျှောက်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့်ထုတ်ပနာ လုံးဝပိတ်ထား

(ယင်းကားလမ်းမထက်မာ တွိရေ မသင်္ကာလူမှန်သမျှကို ပစ်သတ်ဖို့လို့  စစ်ကောင်စီ ဆို)

By Arakan Princess Media / 2024 April    14

ဒေနိ၊ ဧပြီ ၁၄ ရက်နိမာ သံတွဲ-တောင်ကုတ်ကားလမ်းတလျှောက်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့် ထုတ်ပနာ လုံးဝပိတ်ထားပြီးကေ ယင်းလမ်းမထက်မာတွိရေ မသင်္ကာလူမှန်သမျှ သီနတ်နန့် ပစ်သတ်ပစ်ဖို့လို့ အကြမ်းဖက်စစ်ကောင်စီက ပြောဆိုထားပါရေ။

ပြီးခရေ ​ဧပြီ ၁၃ ရက်နိက သံတွဲ-တောင်ကုတ်လမ်းဟိ ကွေ့ချောင်းရွာနန့်​ရီစင်ရွာအကြားမာ အာရက္ခတပ်တော် (AA) နန့် အကြမ်းဖက် စစ်ကောင်စီရို့ ​တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခရလို့ သတင်းတိထွက်ပေါ်လာပြီးနောက်မာ အကြမ်းဖက်စစ်ကောင်စီက ယင်းလမ်းတလျှောက်ရပ်ရွာဒေသအားလုံးကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ပနာ ပိတ်ထားလိုက်စွာပါ။

တချိန်တည်းမာ ယင်းရွာတိအနားက ကားလမ်းဘေးနန့် တောင်တန်းတိမာလည်း အကြမ်းဖက်စစ်ကောင်စီ တပ် ဖြန့်နီရာယူထားလိုက်ပါရေ။

ယေပြီးကေ အကြမ်းဖက် စစ်ကောင်စီက  “သံတွဲ-တောင်ကုတ်လမ်းကို ထွက်ဝံ့လူထွက်ကြည့်၊ မသင်္ကာလူ မြင်စွာနန့် ပစ်သတ်ယာလို့မှတ်” ဆိုပနာ ဒေသခံပြည်သူတိကို စိန်ခေါ်ထားကြောင်းလည်း သိရပါရေ။

ယင်းအပြင်အကြမ်းဖက်စစ်ကောင်စီက ရီစင်ရွာအနောက်ဖက်နန့် ပွင့်ဖြေ၊ ကျားကြီး၊ ပုလဲရွာတိသို့လားရေ တောလမ်းတိ၊ လယ်တောတိ၊စမ်းချောင်းတိနန့်လက်ယက်ရီတွင်းတိမာ မိုင်းထောင်နီ​ရေလို့လည်းဒေသခံတိကပြောကြားချက်အရ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/448815187543441

Leave a Reply

Your email address will not be published.