ကျောက်ဖြူမာ အကြမ်းဖက်စစ်ကောင်စီ က လူနီရပ်ရွာတိကို လက်နက်ကြီး (၆) ကြိမ်ထက်မနည်း ပစ်ခတ်၊ လူနီအိမ် သုံး ဆောင် ထိခိုက်ပျက်စီး

By Arakan Princess Media / 2024 April    14

ကျောက်ဖြူမြို့နယ်မာ ဧပြီ ၁၃ ရက်နိ၊ညဇာ ၆ နာရီ ၅၅ မိနစ်က အကြမ်းဖက်စစ်ကောင်စီနေဗီက လူနီရပ်ရွာတိကို လက်နက်ကြီး (၆) ကြိမ်ထက်မနည်း ပစ်ခတ်ခလို့ လူနီအိမ် ၃ ဆောင် ထိခိုက်ပျက်စီးလားကြောင်း သိရပါရေ။

အကြမ်းဖက်စစ်ကောင်စီပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်ကြောင့် ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်၊ ဒွေးချရွာက ဦးမောင်ခင်ထွန်း၏ နီအိမ်လုံးဝပျက်စီးလားခပြီးကေ ဒေါ်အိုင်အိုင်မနန့် ဒေါ်ဝေသန်းခင်ရို့၏ နီအိမ်တိလည်း ထိခိုက်လားကြောင်း သိရပါရေ။

ဧပြီ ၁၃ ရက်နိ ညဇာ ၆ နာရီ ၅၅ မိနစ်အချိန်ကပင် ညည့် ၁၂ နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ တောင်မော်ကြီးရီတပ်စခန်းဟိ  အကြမ်းဖက်စစ်ကောင်စီနေဗီက ဒွေးချရွာနန့်ယင်းရွာ အနားဟပ်စပ်ဟိ ရပ်ရွာတိကို လက်နက်ကြီး (၆)ကြိမ်ထက်မနည်းပစ်ခတ်ခရေလို့ ဒေသခံတိက ပြောပါရေ။

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်လိုက်တေ ကျည်တိထဲက ၂ လုံးစွာဒွေးချရွာထဲသို့ ကျရောက်ပေါက်ကွဲခပြီး၊ ယင်းရွာဟိ ဦးမောင်ခင်ထွန်းအိမ်မာ ဗုံးထိမှန်ပနာ နီအိမ်တဆောင်လုံး လုံးဝပျက်စီးလားရေပိုင် ဒေါ်အိုင်အိုင်မနန့် ဒေါ်ဝေသန်းခင် နီအိမ်ရို့မာလည်းလက်နက် ကြီးကျည်စမှန်ပနာ ထိခိုက်လားခရေလို့ ဆိုပါရေ။

ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီပစ်ခတ်လိုက်တေ လက်နက်ကြီးကျည် ၆ လုံးထဲက ကျန် ၄ လုံးလည်း ဒွေးချရွာနားမာ ကျရောက် ပေါက်ကွဲခရေလို့ သိဟိရပါရေ။

ယင်းတောင်မော်ကြီးရီတပ်စခန်းစွာ ကျောက်ဖြူမြို့နယ်ဟိရပ်ရွာတိကို လက်နက်ကြီးနန့် နိတိုင်းပစ်နီပြီးကေ ယင်းအနားတဝိုက်ရပ်ရွာတိက ပြည်သူတိလည်းဖီးလွတ်ရာသို့ တိမ်းယှောင်နီကတ်ရရေလို့ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/448801007544859

Leave a Reply

Your email address will not be published.