ရသေ့တောင်တိုက်ပွဲမှာ မွတ်ဆလင်ဒုက္ခသည်ပြည် သူ့စစ်ခြောက်ဆယ်တစ်ဦးသေဆုံး

By Border News Agency / 2024 April   2

ရသေ့တောင်မြို့သိမ်းတိုက်ပွဲမှာ စစ်တွေမြို့နယ်ဒု က္ခသည်စခန်းတွေက မွတ်ဆလင်ဒုက္ခသည်ပြည်သူ့ စစ်ခြောက်ဆယ်တစ်ဦးသေဆုံးသွားတယ်လို့ မိ သားစုဝင်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီမွတ်ဆလင်ဒုက္ခသည်တွေကို အာဏာသိမ်းစစ် တပ်က သူတို့ရဲ့ဒုက္ခသည်စခန်းတွေကိုကာကွယ်ဖို့ပြည်သူ့စစ်ဆိုပြီး နှစ်ပတ်သင်တန်းတက်ခိုင်းကာ ရှေ့တန်းစစ်မြေပြင်သို့အတင်းအဓမ္မပို့ ဆောင်လိုက်ကြတာလို့ ဆိုကြပါတယ်။

အဲဒီရသေ့တောင်မြို့သိမ်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့တိုက်ခိုက်မှုကိုခံကြရပြီးအတင်းအဓမ္မပို့ဆောင်ခံရသူမွတ်ဆလင်ပြည်သူ့စစ်တစ်ရာထဲကခြောက်ဆယ်တစ်ဦးသေဆုံးပြီးကျန်တဲ့သုံးဆယ်ကိုးဦးလည်းဒဏ်ရာအသီးသီးရကာဆေးကုသခံယူနေကြရတယ်လို့မိသားစုဝင်တွေက ဆိုကြပါတယ်။

”စခန်းတိုင်းက မတတ်မနေရအတင်းလူပေးကြရတာပါ။တချို့ကတော့ ပိုက်ဆံပေးပြီးလူစားတတ်ခိုင်းကြပါတယ်။တချို့ကလည်းသေမထူးနေထူးဆိုတော့ကိုယ်တိုင်စိတ်ပါလို့တတ်ကြတာပါ။ရှေ့တန်းအပို့ခံရသူအများစုကတော့သေသွားကြပါတယ်။” လို့ စစ်တွေမြို့နယ်၊ဒါးပိုင်ဒုက္ခသည်စခန်းမှမွတ်ဆ လင်ဒုက္ခသည်တစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီလိုသေဆုံးသွားသူတွေအတွက် မိသားစုဝင်တွေကိုဘာအကူအညီမှမပေးသလိုဒဏ်ရာရသူတွေကို စစ်တွေမြို့ရှိတပ်မတော်ဆေးရုံမှဆေးကုသပေးနေ

ပေမယ့်အဲဒီသူတွေအတွက် ဒုက္ခသည်စခန်းအားလုံးက အတင်းအဓမ္မငွေကြေးကောက်ခံနေကြတယ်လို့ မွတ်ဆလင်ဒုက္ခသည်တွေက ဆိုကြပါတယ်။

စစ်တွေမြို့နယ်မှာမွတ်ဆလင်ဒုက္ခသည်သိန်းနဲ့ချီရှိနေပြီးသူတို့အားလုံးဟာ ၂၀၁၂ ကတည်းက ဒုက္ခ သည်စခန်းတွေမှာ အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတာလို့ ဆိုကြပါတယ်။

အဲဒီရသေ့တောင်မြို့နယ်ကိုမတ်လ ၁၇ ရက်၊ညနေ ၄ နာရီခန့်အချိန်က ရက္ခိုင့်တပ်တော်(AA)မှ အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးလို့ ထုတ်ပြန်ပါတယ်။

အဲဒီရသေ့တောင်မြို့အခြေစိုက်၊အမှတ်၅၃၆၊၅၃၇၊၅၃၈ ခြေမြန်တပ်ရင်းတွေကို မတ်လ ၆ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)မှထိုးစစ်ဆင်တိုက်ခို က်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကြည်း၊ရေ၊လေပစ်ကူအမြော က်အမြားနဲ့အပြင်းအထန်ခုခံခဲ့ပေမယ့် တပ်ရင်းသုံးခုစလုံးကို နှစ်ပတ်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ပြီးသိမ်း ပိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီတပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားနှစ်ရာခန့်ဟာ စစ်သင်္ဘောတွေနဲ့ကိုယ်လွတ်ရုန်းထွ က်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်စစ်မှုထမ်းဥပဒေကိုခုတုံးလုပ်ပြီး စစ်ကော င်စီမှလောလောလတ်လတ် စစ်သင်တန်းပေးထားတဲ့ဘင်္ဂလီတချို့ရဲ့အလောင်းတွေ၊စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေ၊လက်နက်ခဲယမ်း၊စစ်အသုံးအ ဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလို သေဆုံးမွတ်ဆလင်အရေအတွက်ဟာ ဆယ်ယောက်ခန့်ဟာဖြစ်တယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ရခိုင်မှာစစ်ရှုံးထွက်ပြေးနေရတဲ့စစ်ကောင်စီတပ်ဟာ လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေဖန်တီးနေသလို မွတ်ဆလင်တွေကိုရှေ့တန်းစစ်မြေပြင်တွေမှာလူ သားဒိုင်းကာအဖြစ်အသုံးပြုနေတယ်လို့အတင်းအ ဓမ္မစစ်သားစုဆောင်းခံခဲ့ရသူတွေက ဆိုကြပါတယ်။

”တိုင်းရင်းသား အနီကပ်ပေးမယ်ပြောတယ်။မင်းတို့ရွာကို မင်းတို့အုပ်ချုပ်ရမယ်ဆိုပြီးတော့ပြောတယ်။မင်းတို့ မူဆလင်တွေမှာ သေနတ်ကိုင်တဲ့သူတွေမရှိလို့ ငါတို့မင်းတို့ကို ခေါ်တာ။ပြီးတော့ မင်းတို့ရွာကို အေအေကဝင်ရင် ငါတို့ကို ပြောရမယ်ဆိုပြီးတော့လည်း ပြောပါတယ်။သူတို့ဝင်လာရင် လက်နက်ကြီး ဗုံးတွေနဲ့ချမယ် မင်းတို့ရွာကို။ဒီတော့ အဲလိုတွေမဖြစ်အောင် မင်းတို့မှာ ပြည်သူ့စစ်ဆိုတာလိုတယ်။ဒါကြောင့် ငါတို့ကို ပြည်သူ့စစ်ပေးရမယ်ဆိုပြီးတော့ ပြောတယ်။”လို့ စစ်ကောင်စီတပ်က အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းခံခဲ့ရသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာစစ်ကောင်စီတပ်ကရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလိုကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေ၊အတွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေ၊တိုက်လေယာဥ်တွေပစ်ခတ်ခုခံနေပေမယ့် ရက္ခိုင့်တပ်တော်(AA) က တစ်မြို့ပြီးတစ်မြို့တိုက်ခိုက်သိမ်းယူနေပါတယ် ။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရက္ခိုင့်တပ်တော်(AA)က ပလက်ဝဒေသတစ်ခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက် ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ် ။

ရခိုင်မှာ မွတ်ဆလင်တစ်ထောင့်ငါးရာခန့်ဟာ စစ်ကောင်စီတပ်ရဲ့အတင်အဓမ္မလူသစ်စုဆောင်းစစ်မှု ထမ်းခေါ်ဆောင်ခံခဲ့ကြရပြီး အများစုဟာ စစ်တွေမြို့ နယ်မှဒုက္ခသည်မွတ်ဆလင်တွေဖြစ်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

Photo-AA

https://www.facebook.com/bordernewsagency/posts/441726541708849

Leave a Reply

Your email address will not be published.