ကျောက်တော်မြေပဲကြိတ်ခွဲစက်ရုံက စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျဖြစ်စေဖို့ထိန်းမတ်ပေးရန် လိုအပ်နေ

By Border News Agency / 2024 April   2

ကျောက်တော်မြို့ရှိ မြေပဲကြိတ်ခွဲစက်ရုံက စွန့်ပစ်ပစွည်းတွေကို စနစ်တကျဖြစ်စေဖို့ အာရက္ခပြည်သူ့အစိုးရက ထိန်းမတ်ပေးဖို့လိုအပ်နေတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီစက်ရုံဟာ ကျောက်တော်မြို့၊ကုလားတန်မြစ်ကမ်းနားမှာရှိတာကြောင့် စက်ရုံမှထွက်တဲ့မြေပဲခွံအပါအဝင် စွန့်ပစ်ပစ္စည်းတွေကိုမြစ်ထဲကိုစွန့်ပစ်နေတာမို့ပြည်သူတွေ ကျန်းမာရေးထိခိုက်တာတွေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီလိုဒေသခံတွေအသုံးပြုနေတဲ့ မြစ်ရေထဲကို မြေပဲခွံတွေစွန့်ပစ်တာရပ်ဖို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ ထိန်းမတ်ပေးစေချင်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“ကျနော်တို့ ULA/AA ကို တိုက်တွန်းချင်ပါတယ်။ဒီလိုမျိုး ရေချိုမြစ်ပေါ်သို့ ပရမ်းပတာ စွန့်ပစ်တာမျိုး သေချာကြပ်မတ်ပေး‌စေချင်တယ်။အရင်အုပ်ချုပ်ရေးတစ်လျှောက်လုံး လျစ်လျူထားခဲ့တယ်။ခုက ကိုယ်အစိုးရတက်လာပြီတော့ သေသေချာ‌ချာထိန်းသိမ်းပေးစေချင်တယ်။”လို့ ကျောက်တော်မြို့ခံ တစ်ဦးက Border News Agency ကိုပြောပါတယ်။

အဲဒီမြေပဲကြိတ်ခွဲစက်ရုံတွေကြောင့် ကုလားတန်မြစ်ရေဟာ အရင်နှစ်တွေကထက် ပိုညစ်ညမ်းလာပြီး အဲဒီရေကိုအသုံးပြုနေကြတဲ့ ဒေသခံတချို့ကျန်းမာရေးထိခိုက်လာနေတယ်လို့လည်း ကျောက်တော် ဒေသခံတွေက ဆိုကြပါတယ်။

ရခိုင်မှာလျှပ်စစ်မီးပြတ်တောက်မှုကြောင့် ကျောက်တော်မြို့က ရေပေးဝေရေးလုပ်ငန်းဟာ လက်ရှိမှာ ရပ်ဆိုင်းနေတာကြောင့် ကျောက်တော်မြို့နဲ့အနီးအနားကျေးရွာတွေကဒေသခံတွေမြစ်ရေကိုပဲ အဓိက အသုံးပြုနေကြရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျွန်မတို့က မြစ်ရေကိုဘဲ အဓိကအသုံးပြုနေရတာ။ခုက ဒီရေအတက်ရော၊အကျရော မြေပဲခွံတွေ ပဲမျှောနေတာ။မြေပဲခွံထဲမှာ ရေချိုးရတော့ ခန္ဓာကို ယ်ကယားယံလာတယ်။ရေရှည်မှာ ကျန်းမာရေးထိ ခိုက်မှာစိုးရိမ်တယ်။”လို့ကျောက်တော်မြို့ခံတစ်ဦးက Border News Agency ကိုပြောပါတယ်။

အပေါက်ဝ၊တောင်ပေါက်၊မျောက်တောင်၊တောင်ဘွယ်၊တောင်ပေါက်၊မျောက်တောင်၊တောင်ဘွယ်၊သာစည်၊ရွှေပြည်ရွာကျေးရွာတွေက ဒေသခံတွေဟာ အဲဒီမြစ်ရေကိုပဲအသုံးပြုနေကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရက္ခိုင့်တပ်တော်(AA) ဟာ ကျောက်တော်မြို့အပါအဝင် ရခိုင်ကမြို့နယ် အများစုကို အပြီးသတ်သိမ်းပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေစတင်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

https://www.facebook.com/watch/?v=1508983289975561

Leave a Reply

Your email address will not be published.