အမ်းမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ လူငယ် ၁ ဦးနှင့် သက်ကြီးပိုင်း ၁ ဦးဒဏ်ရာရ၊ အိမ် ၁ ဆောင်မီးလောင်ပြာကျ

By Arakan Bay News / 2024 April      29

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ လူငယ် ၁ ဦးနှင့် သက်ကြီးပိုင်း ၁ ဦးဒဏ်ရာရရှိသွားခဲ့သည့်အပြင် အိမ် ၁ ဆောင်လည်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ အမ်းမြို့နယ်၊ မဲလက်မောင်းအုပ်စု၊ မဲလက်မောင်းရွာမှ အသက် ၁၉ နှစ်အရွယ် ကိုမောင်မြင့်ဇော် နှင့်အသက် ၅၇ နှစ်အရွယ် ဒေါ်မညွန့်ဦးတို့ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နပခအနီး ၃၇၃ တပ်ရင်းက ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီကျော်တွင်လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ၃၇၃ က လက်နက်ကြီးနဲ့ ပစ်တယ်။ တိုက်ပွဲကလည်းပြင်းနေတယ်။ လက်နက်ကြီးက ရွာထဲမှာကျရောက်ပေါက်ကွဲသွားတယ်။ လူ ၂ ယောက် ဒဏ်ရာရသွားတယ်” ဟုဆိုသည်။

လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဒေါ်မညွန့်ဦး၏ ဘယ်ဖက်ပခုံးနှင့် ကိုမောင်မြင့်ဇော်၏ ညာဖက်ပါး၊ ညာဖက်ပခုံးတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးခင်အောင်၏နေအိမ်မှာလည်း လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော်က တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အပါအဝင် တစ်ခြားစခန်းကုန်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122141050856180219

Leave a Reply

Your email address will not be published.