ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေသည့် စစ်ကောင်စီတပ်သား ၂၈၅ ဦးကို ပြန်ပို့တော့မည်

By Western News / 2024 April     20

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်သား ၂၈၅ ဦးကို လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် မြန်မာဘက်သို့ ပြန်ပို့မည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ဧပြီလ ၁၉ ရက်နေ့တွင် ပြောဆိုထားသည်။

ပင်လယ်ရေးကြောင်းက သင်္ဘောဖြင့် ပြန်ပို့မည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများထဲတွင် BGF နယ်ခြားစောင့်တပ်သားများနှင့် စစ်တပ်က တပ်သားများပါဝင်ကြောင်း ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီတပ်ရင်းများနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး ယင်းတိုက်ပွဲများမှ ထွက်ပြေးသွားသော တပ်သားများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများကို ပြန်ပို့ရာတွင် သင်္ဘောဖြင့် ပို့မည်ဖြစ်သော်လည်း ပင်လယ်ရေကြောင်းနှင့် ရာသီဥတုအပေါ် မူတည်ကြောင်းလည်း Hasan Mahmud က ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံထဲတွင် ပိတ်မိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ဦးကိုလည်း ပြန်လည်ကယ်ထုတ်ကာ သင်္ဘောဖြင့် ပြန်သယ်ယူသွားမည်ဟု Hasan Mahmud ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားကြသည့် စစ်ကောင်စီတပ်သား ၃၃၀ ဦးကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီထံသို့ ပြန်လည်ပို့ပေးခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/879432560862838

Leave a Reply

Your email address will not be published.