စစ်တွေ ဒကစ လက်အောက်ခံတပ်ရင်းများမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး/ငယ်များပစ်ခတ်

By Narinjara / 2024 April     30

အာရက္ခတပ်တော် (AA) က  ဝင်တိုက်မယ်လို့ သတိပေးထားတဲ့ စစ်တွေ ဒကစ လက်အောက်ခံတပ်ရင်းတွေက ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီ ၁၆ မိနစ်အချိန်မှာ စစ်တွေမြို့နယ်၊ ပါဒလိတ်တပ်ရင်းက ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်ခဲ့ပြီး စစ်တွေ ရွှေမင်းဂံနေဗီကွင်းမှလည်း လက်နက်ကြီး ၂ ကြိမ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်ခဲ့တယ်လို့ စစ်တွေ ဒေသခံများက ပြောပါတယ်။

ဒါ့အပြင် ၁၀ နာရီ ၃၉ မိနစ်အချိန်ခန့်ကလည်း ဒကစ တပ်ရင်းဘက်က ပုဏ္ဏားကျွန်း နဲ့ ရသေ့တောင်မြို့နယ်များကို လက်နက်ကြီး အလုံး (၁၀) ကျော်ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။

နေ့လယ် ၁၂ နာရီခွဲ အချိန်မှာ  စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းက ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒကစ လက်အောက်ခံ (BMB)တပ်ရင်းထဲကလည်း လက်နက်ငယ်ပစ်ခတ်သံများကို မိနစ် ၂၀ ခန့်အကြာ ကြားခဲ့ကြပြီး ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ စစ်တွေမြို့က မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

” မနက်က လက်နက်ကြီးတွေလည်း ပစ်တယ်။ လက်နက်ငယ်သံတွေလည်းကြားရတော့ တိုက်ပွဲဖြစ်ကြပြီထင်ပြီး စိုးရိမ်သွားတာ။ မိနစ် ၂၀ လောက်ကြာတော့ ရပ်သွားတယ်။ တိုက်ပွဲမဟုတ်ဘဲ ခြောက်လန့်တာဖြစ်မယ်။ ပိုက်ဆံရှိတဲ့လူတွေက ဘေးလွတ်ရာပြေးကြပေမယ့် မပြေးနိုင်တဲ့လူတွေမှာတော့ ကြောက်နေကြရတာပဲ”လို့ ဆိုပါတယ်။

https://www.facebook.com/narinjara.info/posts/842715811228883

Leave a Reply

Your email address will not be published.