စင်္ကာပူ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၀ ဦး မြန်မာနိုင်ငံ ရောက်ရှိ (ဓာတ်ပုံ-သတင်း)

By Western News / 2025 March 29

မြန်မာနိုင်ငံက ငလျင်ဘေးကို ကူညီရန်အတွက် စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦးခန့်သည် ယနေ့ မတ်လ ၂၉ ရက် ညနေက မြန်မာနိုင်ငံရှိ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူ ဒေသစံတော်ချိန် နေ့ခင်းပိုင်း ၁ နာရီ မိနစ် ၂၀ က ချန်ဂီလေဆိပ်ကနေထွက်ခွါ လာပြီး ယနေ့ ညပိုင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း Yangon International Airport က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ကယ်ဆယ်ရေးသမားများထဲတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ရှာဖွေရေး ကျွမ်းကျင်သူများ ပါဝင်ပြီး ၎င်းတို့မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး လှုပ်ခတ်သွားကြောင်း ငလျင်ဘေး ကို သွားရောက် ကူညီမည် ဖြစ်သည်။

အဆိုပါ အဖွဲ့မှာ ရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်သည့် ဖြတ်တောက်စက်၊ အပျက်အစီးများကို မတင်နိုင်သော စက်ကိရိယာများ သယ်ဆောင်လာသည်ဟု သိရသည်။

ငလျင်ဘေး ကူညီမယ့် စင်ကာပူ ရှာဖွေ့မည့်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံရောက်ရှိသည့်မြင်ကွင်း ဓါတ်ပုံ – Yangon International Airport

https://www.facebook.com/westernnewsagency/posts/pfbid02EwjabAPZLGR2mGeUnGvWMmniPi1mneAy5SYKizP3ADebcGYsjhpTbLs1o11TTFt8l

Leave a Reply

Your email address will not be published.