By Narinjara / 2025 March 29

ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ကာယကံရှင်မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရပါတယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ (AA၊ MNDAA၊ TNLA )က ဒီကနေ့ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ လတ်တလော ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုအပေါ် လူသားချင်း စာနာထောက်ထားစွာနဲ့ မိမိတို့ တတ်နိုင်တာတွေကို အမြန်ဆုံး ထောက်ပံ့ ကူညီပေးသွားမယ်လို့ ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကို စိတ်ဓာတ်အပြည့်နဲ့ အသိပေးထုတ်ပြန် အပ်ပါတယ် လို့လည်း ဖော်ပြထားပါတယ်။