စစ်ကောင်စီရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း တိုက်ခိုက်ခံရလို့ စစ်သား ၁၂ ယောက်သေဆုံး

By Narinjara / 2025 March 19

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်း ဝင်ရောက်တိုက်ခိုက်ခံရ၍ စစ်သား ၁၂ ဦးသေဆုံးသွားကြောင်း PDF Dawei District Battalion 2 – P23302 က မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၁၃ ရက်၊ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် အဆိုပါစခန်းကုန်းအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၏ ဒူရကစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၆ နာရီခန့် အပြန်အလှန်ထိတွေ့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး သေနတ်တစ်လက်နှင့် လက်ပစ်ဗုံး သုံးလုံး သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/pfbid0Q5qnC8mm4wt667u1JeizMcXbj978U6eZf1rAxoNScHF7ckNNYfVuBqCRCiqMvZ7Vl

Leave a Reply

Your email address will not be published.