AA တိုက်ခိုက်နေတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၂၃ ) ဦးကို လက်နက်ငယ် (၂၀)နဲ့ အတူ CDF – Asho မှ ဖမ်းမိ

By Narinjara / 2025 February 26

အာရက္ခတပ်တော် (AA) ထိုးစစ်ဆင် တိုက်ခိုက်နေသည့် မကွေးတိုင်းငဖဲမြို့နယ်ရှိနတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ကာကင်းစခန်းများမှ တပ်စခန်းစွန့်ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တပ်သား( ၂၃) ဦးအား လက်နက်များနှင်အတူ အရှင်ဖမ်းဆီရမိခဲ့ကြောင်း CDF – Asho မှ ဖေဖော်ဝါရီလ ( ၂၆ ) ရက်နေ့တွင် သတင်းထုတ်ပြန်ထသည်။

၎င်းတို့ ၂၃ ဦးသည် အာရက္ခတပ်တော်မှနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာတောင်ကုန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်းကာကင်းစခန်းများမှထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ၂၄ရက်နေ့မှစ၍နယ်မြေရှင်းလင်းဖမ်းဆီးလျှက်ရှိရာဖေဖော်ဝါရီလ( ၂၆ )နေ့အထိ ( ၃ ) ရက်အတွင်းနတ်ရေကန်ဆက်သွယ်ရေးတာဝါတိုင်၏မြောက်ဘက်မီတာ( ၂၀၀၀ )ခန့်အကွာတောတွင်းနေရာအသီးသီး၌ စစ်ကောင်စီတပ်သား( ၂၃ )ဦးအားလက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူMA – 1 ( ၁၃ )လက်၊MA – 2 ( ၁ )လက်၊MA- 3 ( ၃ )လက်၊MA-11 ( ၂ )လက်၊MA- 5 ( ၁ )လက်စုစုပေါင်းလက်နက်ငယ်( ၂၀ )လက်၊လက်ပစ်မိုင်း ( ၁၈ )လုံး၊EY သီး ( ၁၂ )လုံး၊ကျည် ( ၄၀၀၀ )ကျော်နှင့်အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။

နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်းတာဝန်ထမ်းဆောင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ဆက်သွယ်ပြီးအမြန်ဆုံးအလင်းဝင်ပူးပေါင်းကြပါရန်လည်းချင်းကာကွယ်ရေးတပ် – အရှိုမှတိုက်တွန်းထားသည်။

https://www.facebook.com/narinjara.info/posts/1057280509772411

Leave a Reply

Your email address will not be published.