(၇၇) နှစ်ချင်းအမျိုးသားနေ့သို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သဝဏ်လွှာပေးပို့

By Narinjara / 2025 February 21

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက်ချင်းအမျိုးသားနေ့သို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ရေးသားပေးပို့ခဲ့သည်။

ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့သည် မိမိတို့အားလုံးအတွက် အလေးအနက်ထားအပ်သော နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါကြောင်း ရှေ့ဦးစွာ ဖော်ပြသည်။

ချင်းလူမျိုးများသည် ဟိုရှေးခေတ်ကပင် ယခုအချိန်ထိ ရခိုင်လူမျိုးများနှင့် တူတူယှဉ်တွဲနေထိုင်ကြသော လူမျိုးတစ်မျိုးဖြစ်ပါကြောင်း၊ လက်အချိန်မှာလည်း အာရက္ခပြည်တိုးတက်ရေးမှာ အခြားလူမျိုးစု ညီနောင်များနှင့်အတူ အတူတကွလုပ်ဆောင်လာကြသော လူမျိုးဖြစ်ပါကြောင်း ဖော်ပြထားသည်။

ယနေ့ခေတ် ကျွန်ုပ်တို့ကြုံတွေ့နေရသော အခက်အခဲများကို ညီနောင်ချင်းလူမျိုးများနှင့်အတူတကွ လက်တွဲ ကျော်လွှားနေကြသကဲ့ပင် ဤရေ၊ဤမြေ ရှေးယခင်ကပင် ဖြစ်ပျက်ပြီးခဲ့သမျှသော ကောင်းခြင်း၊ ဆိုးခြင်းများကိုလည်း မိမိတို့ ဘိုးဘေးများသည် အတူတကွ ကျော်ဖြတ်ခဲ့ကြသည်သာ ဖြစ်ပါသည်။ မိမိတို့ ညီနောင် လူမျိုးများသည် ထိုအခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားကာ နောင်လာမည့် မျိုးဆက်သစ်များအတွက် ကောင်းမွေများ လက်ဆင့်ကမ်းခဲ့နိုင်ရန်မှာ မိမိတို့ တာဝန်ဖြစ်သည်ဟု မိမိတို့ ခံယူထားပါသည်ဟုလည်း ဖော်ပြထားသည်။

ယနေ့ကျရောက်သော ချင်းအမျိုးသားနေ့တွင် ညီနောင်ချင်းလူမျိုးများ၏ အမျိုးသားရည်မှန်းချက် ပန်းတိုင်အောင်မြင်နိုင်ပါစေကြောင်းနှင့် အနာဂတ် အာရက္ခတိုင်းပြည်အား ကောင်းကျိုးဖြစ်ထွန်းအောင် ဝိုင်းဝန်းဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ခြင်းဖြင့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အား ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်ဟု ဖော်ပြပါရှိသည်။

https://www.facebook.com/narinjara.info/posts/1052729820227480

Leave a Reply

Your email address will not be published.