By Narinjara / 2025 February 21
လက်ရှိ ရခိုင်ဈေးကွက်မှာ ပြည်မဘက်ကလာတဲ့ ဖိုင်ဘာရိုးတပ်ကော် တံမြက်စည်းတစ်ချောင်းကို ၁၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်ထိရှိနေပြီး ရခိုင်ဒေသလုပ် ကိုင်းရိုးတံမြက်စည်းတစ်ချောင်းကိုတော့ အများဆုံး ၂၅၀၀ ကျပ်ပဲ ရှိနေတာပါ။
ရခိုင်မှာ အခြေခံစားသောက်ကုန်တွေအပြင် ပြည်မထုတ် ဖိုင်ဘာနဲ့ ပလတ်စတစ် အိမ်အသုံးဆောင်ပစ္စည်းတွေလည်း ဈေးနှုန်းမြင့်တက်နေပါတယ်။
ဒီ့အတွက် ဈေးနှုန်းလည်းသက်သာတဲ့ နွေဦးရာသီပေါ် ကိုင်းရိုးနဲ့ပြုလုပ်တဲ့ တံမြက်စည်းတွေကို ဒေသခံတွေ ဝယ်ယူသုံးစွဲတာများလာတယ်လို့ အိမ်သုံးပစ္စည်းရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တွေကလည်း ပြောပါတယ်။