ရခိုင်ဒေသထွက် သလူယပ်တောင် အခုနှစ်နွေရာသီမှာ ဈေးကွက်ရဖို့ မျှော်လင့်နေ

By Narinjara / 2025 February 23

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်အများအပြားကို လက်ရှိမှာ လွတ်လပ်စွာကုန်သွယ်သွားလာခွင့်ရနေတဲ့အတွက် အခုနှစ်နွေရာသီမှာ သလူ(စလူ)ယပ်တောင်ဈေးကွက်ရရှိဖို့ မျှော်လင့်နေတာဖြစ်တယ်လို့ မြောက်ဦးမြို့က ယပ်တောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မခင်သိန်းက ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေ မဖြစ်ပွားမီက နှစ်စဉ်နွေရာသီရောက်တိုင်း ယပ်တောင်တွေကို ရခိုင်ကမြို့နယ်အနှံ့အပြားကို တင်ပို့ဖြန့်ဝေရောင်းချခွင့်ရလို့ ယပ်တောင်ဈေးကွက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ မြို့သိမ်းတိုက်ပွဲတွေ စတင်တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကနေစတင်ပြီး တိုက်ပွဲတွေကြောင့် ခရီးလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားလို့ ယပ်တောင်ဈေးကွက်မှာ ပျောက်ကွယ်သွားခဲ့ရတယ်လို့ ယပ်တောင်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

https://www.facebook.com/watch/?v=1172238547839766

Leave a Reply

Your email address will not be published.