By Narinjara / 2025 February 04
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA)တို့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် အခုလမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ရန်ကုန်အခြေစိုက် ပေါ်ပြူလာနယူးစ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သတင်းဖော်ပြပါတယ်။
တရုတ်ရဲ့ကြားဝင်မှုကြောင့် စစ်ကာင်စီနဲ့ MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် မြောက်ပိုင်း(၃)ဖွဲ့အထဲက ကျန်ရှိနေတဲ့ TNLA နဲ့ AA တို့ကပါ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးဖို့ရှိတေယ်လို့ ဖော်ပြထားပါတယ်။
TNLA နဲ့ AA တို့ကပါ စစ်ကောင်စီနဲ့ ဆွေးနွေးမှုဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် လွဲမရှောင်သာလို့ ဆွေးနွေးပွဲကိုတက်ရောက်မဲ့ အနေနအထားသာဖြစ်တယ်လို့ နိုင်ငံရေးလေ့သာသုံသပ်သူတွေကပြာဆိုကြပါတယ်။