အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်ကောင်စီ ရိက္ခာကားသုံးစီးကို PRA-မကွေးမှ မိုင်းဆွဲတိုက်ခိုက်(စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ရိက္ခာကားနှစ်စီးပျက်စီး)

By Narinjara / 2024 December 05

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရိက္ခာစစ်ကား (၃) စီးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးပြီး ရိက္ခာကားနှစ်စီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၅ရက်နေ့စွဲဖြင့် PRA-Magway တပ်ဖွဲ့မှထုတ်ပြန်သည့်ထုတ်ပြန်ချက်ထဲတွင်တိုက်ပွဲမှာ ဒီဇင်ဘာ ၄ ရက်နေ့လယ် (၁) နာရီခန့်၌ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်ရှိ (စွန်တက်ရွာနှင့် လင်းတဲရွာကြား) ၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဖော်ပြသည်။

အင်အား (၅၀) ခန့်ပါဝင်သော စစ်ကောင်စီရိက္ခာကား(၃)စီးအားခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်စဉ် (၁၀) မိနစ်ကျော်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၉) ဦးထက်မနည်းသေဆုံးခဲ့ပြီး ရိက္ခာကားနှစ်စီးလည်း ရှေ့ဆက်မရတော့သည်အထိပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ် ပြေးများအား မိမိတို့ PRA-Magway မှ ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ထိတွေ့တိုက်ပွဲများလည်း အခါမလပ် ဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

ထို့အပြင်နိုဝင်ဘာ၂၃ ရက်နေ့တွင်လည်း ငဖဲမြို့နယ်၊ ဘုံးဘောရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၉၀) ပါစစ်ကောင်စီစစ်ကြောင်းကိုလူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRAMagway)၊အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲကြာချိန် (၅) နာရီခန့်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်အားအသာစီးဖြင့် ဆက်လက်တိုးလာသောကြောင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ ခေတ္တ ဆုတ်ခွာခဲ့ရကာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ(၁၄)ဦးခန့်သေဆုံးခဲ့ပြီးအမြောက်အများထိခိုက်ခဲ့ကြောင်းသိရသည်။

ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်; စစ်ဌာနချုပ် (နပခ-အမ်း) မှ စစ်ရှုံး၍ထွက်ပြေးလာသော စစ်ကောင်စီတပ် ပြေးများအား မိမိတို့ PRA-Magway မှ ကင်းပုန်းချပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ထိတွေ့တိုက်ပွဲများလည်း အခါမလပ် ဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

တိုက်ပွဲအသီးသီး၏မှတ်တမ်းများအရ မိမိတို့ PRA-Magway သည် နိုဝင်ဘာနှင့် ဒီဇင်ဘာ ပထမပတ်အတွင်း ရန်သူစစ်ကောင်စီ၏ အင်အား ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈) လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင် များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PRA-Magway မှထုတ်ပြန်ထားသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) သည် မိမိတစ်ဖွဲ့ချင်းဖြင့် သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍သော်လည်းကောင်း ချမှတ်ထားပြီးသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/997348029098993

Leave a Reply

Your email address will not be published.