By DMG / 2024 November 17 ၂၀၂၀ ပြည့်နှစ် မတ်လဟာ တင်းမရွာကမိသားစုတွေ ရှင်ကွဲ၊သေကွဲ ကွဲကွာသွားခဲ့ရတဲ့ နေ့ရက်တွေဖြစ်ခဲ့ပါတယ်။ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးက တောင်ရှည်တောင်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီရဲ့ တပ်မ(၅၅) တပ်ဖွဲ့ဝင်တွေဟာ …
အာရက္ခပြည်အတွင်းက အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်း ထူးခြားချက်
By DMG / 2024 November 17 အာရက္ခပြည်အတွင်းက အခြေခံလူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေထဲက ဆန်ကြမ်း၊ ကောက်ညှင်းဆန်၊ အိန္ဒိယဆီ(အဝါ)၊ ငရုတ်သီး(အစိမ်း)၊ ငါးနီတူခြောက် စတဲ့ကုန်ပစ္စည်းတွေဟာ ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်နေပါတယ်။ကောက်ညှင်းဆန် (ဆန်သစ်)ဟာ ဆန်ဟောင်းဈေးထက် ၃၀,၀၀၀ …
ရခိုင်မှာ အိမ်ငှားရမ်းခဈေးတက်တဲ့အတွက် စစ်ဘေးရှောင်များအခက်တွေ့
By Narinjara / 2024 November 17 ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများက ပြောသည်။ စစ်ဘေးရှောင်စစ်တွေမြို့မှစစ်ဘေးရှောင် အိမ်ရှင်မတစ်ဦးက”ရွာထဲတွေမှာငှားနေတဲ့သူတွေမှာဆိုတစ်သိန်းကနေတစ်သိန်းခွဲ၊ နှစ်သိန်းအဲလို အစားစားဈေးတက်လာတော့တချို့ဆိုအိမ်ငှားမပေးနိုင်ဘဲ တခြားနေရာကို ပြောင်းသွားတဲ့သူရှိတယ်။ရွာပြင်တွေမှာ အိမ်ဆောက်ပြီးနေကြတယ်။ ပြီးတော့ …
မြေပုံမြို့နယ်မှ မွတ်ဆလင်ငါးဖမ်းလှေကို စစ်ကောင်စီနေဗီက ဖမ်ဆီးပြီး စက်သုံးဆီနဲ့ငွေတွေကိုလုယူကာ ငါးဖမ်းခွင့်ကိုတားမြစ်
By Narinjara / 2024 November 17 ရခိုင်ပြည်၊မြေပုံမြို့နယ်မှ မွတ်ဆလင်ငါးဖမ်းလှေတစ်စီးကိုစစ်ကောင်စီစစ်ရေယာဉ်ကဖမ်ဆီးပြီးစက်သုံးဆီနှင့်ငွေများကိုလုယူကာငါးဖမ်းခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည်ဟု သတင်းရရှိသည်။ မြေပုံမြို့နယ်မှမွတ်ဆလင်ငါးဖမ်းသမားတစ်ဦးက “ဟိုရက်ပိုင်းကကျောက်ဖြူနားကနေဗီကကျနော်တို့ငါးဖမ်းဘုတ်ကိုသူတို့အဝေးကြီးကနေလှမ်းခေါ်တယ်။ပြီးတော့ကျနော်တို့မှာပါလာတဲ့ပိုက်ဆံသုံးသိန်းနဲ့ စက်သုံးဆီလီတာ၂၀ဆံ့ပုံး၂၀ကျော်ထဲကိုသိမ်းယူတယ်။နောက်တော ၁၀ပုံးကိုပဲပြန်ပေးပြီးကျန်တာသူတို့ယူထားလိုက်ကြတယ်။နောက်တစ်ခါဘယ်တော့မှငါးလာမဖမ်းဖို့ဆဲဆိုပြောလွှတ်လိုက်တယ် “ဟုပြောသည်။ လက်ရှိတွင်စားဝတ်နေရေးအခက်အခဲရှိနေ၍ငါးဖမ်းခွင့်မရလျှင်အခက်အခဲဖြစ်နိုင်သည်ဟု၎င်းကပြောကြားသည်။ “ကျွန်တော်တို့အခုနိုင်ငံတကာကရိက္ခာအကူအညီလည်းမရဘူး။ မရရင်လည်းနေပါစေ။ကျွန်တော်တို့ အခုလိုငါးဖမ်းခွင့်ရရင်လုပ်ကိုင်စားသောက်လို့ရပါတယ်။အခုကငါးမဖမ်းရဆိုတော့အခက်အခဲအများကြီးကြုံတွေ့နိုင်ပါတယ်” ဟုပြောသည်။ …
သီးနှံစိုက်ပျိုးရေးသွင်းအားစုစရိတ်ကြီးမားပေမယ့် ဒေသစားသုံးမှုဖုံလှုံရေး ရခိုင်ပြည်သူတို့ ကြိုးပမ်းလာ
By Narinjara / 2024 November 17 ယခုနှစ် သီးနှံစိုက်ပျိုးရာသီတွင် သွင်းအားစုစိုက်ပျိုးစရိတ်စျေးကြီးမြင့်သော်လည်း သီးနှံစိုက်ပျိုးရေးကို ရခိုင်ပြည်သူများမှာ ယခင်နှစ်ကထက် စိတ်ဝင်တစားဖြင့် ပိုမိုလုပ်ကိုင်လာကြသည်ဟု သတင်းရရှိသည်။ ဒေသခံစိုက်ပျိုးရေးသမားတစ်ဦးက“အရင်ကထက် ပြည်သူတွေက စိုက်ပျိုးရေးကို ပိုမို စိတ်ဝင်စားလာကြတယ်။ …