By DMG / 2024 November 03
အာရက္ခပြည်အတွင်းက အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေထဲက ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်း၊ ကွမ်းရွက်၊ ကွမ်းသီး၊ ခြင်ဆေးခွေတို့မှာ ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်နေပါတယ်။
ယခုအပတ်ထဲမှာ ဆန်ကြမ်း၊ ကောက်ညှင်းဆန်၊ ပဲဆီ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်(အိန္ဒိယ)၊ ဟင်းချိုမှုန့်၊ မီးသွေး၊ လစဉ်သုံးပစ္စည်း၊ အမဲသား၊ ရွှေပုဇွန်၊ ငါးနီတူခြောက်၊ နို့ဆီ၊ စက်သုံးဆီနဲ့ ဆေးဝါးတွေဟာ ဈေးနှုန်းကျဆင်းနေတာ တွေ့ရပါတယ်။
ထူးထူးခြားခြား ဈေးနှုန်းအတက်အကျအနေနဲ့ဆိုရင် ကောက်ညှင်းဆန်နဲ့ ရွှေပုဇွန်ခြောက်ဟာ ယခင်အပတ်ထက် တစ်သောင်းကျပ် ကျဆင်းသွားခဲ့ပြီးတော့ ဂျင်းဈေးနှုန်းကတော့ တစ်သောင်းကျပ် ဈေးတက်သွားခဲ့ပါတယ်။
အခုဖော်ပြတဲ့ အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ ရခိုင်ပြည်မြောက်ပိုင်းဈေးကွက်ကို အခြေခံဖော်ပြထားတာဖြစ်ပြီးတော့ မြို့နယ်အလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားတာတွေတော့ ရှိနိုင်ပါတယ်။
https://www.facebook.com/dmgnewsagency/posts/955150523325211