အာရက္ခပြည်အတွင်းက အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်း ထူးခြားချက်

By DMG / 2024 November 10

အာရက္ခပြည်အတွင်းက အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေထဲက ကြက်သွန်ဖြူ၊ ဟင်းချိုမှုန့်၊ မီးသွေးဈေးနှုန်းတွေဟာ ယခုအပတ်မှာ မြင့်တက်နေပြီး ငရုတ်သီး(အစိမ်း)၊ ဂျင်း၊ အာလူး၊ နှမ်း၊ ကွမ်းရွက်ဈေးနှုန်းတွေကတော့ ကျဆင်းနေတာတွေ့ရပါတယ်။
ဒီအပတ်ထဲမှာ ကြက်သား၊ ဝက်သား၊ ရွှေပုဇွန်ဈေးနှုန်းတွေလည်း မြင့်တက်မှုရှိပြီး ကြက်ဥဈေးနှုန်းကတော့ အနည်းငယ် ကျဆင်းနေပါတယ်။
တစ်ချို့ကုန်ဈေးနှုန်းတွေဟာ နိုဝင်ဘာလ ပထမအပတ်နဲ့နှိုင်းယှဉ်ရင် အတက်အကျမရှိဘဲ တည်ငြိမ်နေတာ တွေ့ရပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ယခုအပတ်ထဲမှာ ဈေးနှုန်းအနည်းငယ် ကျဆင်းနေပါတယ်။
အခုဖော်ပြတဲ့ အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ ရခိုင်ပြည်မြောက်ပိုင်းဈေးကွက်ကို အခြေခံဖော်ပြထားတာဖြစ်ပြီးတော့ မြို့နယ်အလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားတာတွေတော့ ရှိနိုင်ပါတယ်။

https://www.facebook.com/dmgnewsagency/posts/960068636166733

Leave a Reply

Your email address will not be published.