By DMG / 2024 November 14
ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင် စစ်ကောင်စီ တပ်ရင်းတပ်ခွဲ ၁၈ ခုရှိသည့်အထဲမှ လက်ရှိတွင် ၈ ခုကို သိမ်းပိုက်ထားကြောင်း အာရက္ခတပ်တော် (AA)က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
စရဖ – စစ်ဖက်ရေးရာလုံခြုံရေးတပ်အပါအဝင် တပ်ရင်းခွဲ ၈ ခုကို သိမ်းပိုက်ထားခြင်းဖြစ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်း (၁၀) ခုကို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်း ထန်နေဆဲဖြစ်သည်။
စစ်ကောင်စီ၏ အကြီးဆုံးတိုင်းစစ်ဌာနချုပ်ထဲမှ အမ်းအခြေစိုက် နပခ ဌာနချုပ်တိုက်ပွဲအခြေအနေနှင့် တပ်စခန်း သိမ်းပိုက်ထားမှုတို့ကို အာရက္ခနှင့် ပလက်ဝဒေသ စစ်ဆင်ရေးတစ်နှစ်ပြည့် နိုဝင်ဘာ ၁၃ ရက်တွင် AA က ထုတ်ပြန်ထားခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/963059529200977