အမ်းတိုက်ပွဲက ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူးဇော်ထက်နောင်အပါအဝင် စစ်သား ၁၄ ဦးကို ရိုးလမ်းပေါ်တွင် ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး

By Narinjara / 2024 November 28

တိုက်ပွဲဖြစ်ပွားနေသည့် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း)မှဆုတ်ခွာလာသောဗိုလ်မှူးတစ်ဦးနှင့်စစ်ကောင်စီတပ်ဖွဲ့၁၄ဦးကိုStudent Armed Force ကျောင်းသားလက်ရုံးတပ်တော်မှဖမ်းဆီလိုက်ကြောင်းနိုဝင်ဘာ၂၈ရက်တွင်ထုတ်ပြန်ထားသည်။

“၂၀၂၄ခုနှစ်၊နိုဝင်ဘာ (၂၃) ရက်နေ့တွင်အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှုလက်အောက်ရှိတစ်မိုင်ကုန်းစခန်းမှဆုတ်ခွာလာသောဗိုလ်မှူးဇော်ထက်နောင် (ကြည်း၅၆၁၇၈)ဦးစီးသောရန်သူစစ်ကြောင်းကိုကျွန်ုပ်တို့ကျောင်းသားလက်ရုံးတပ်တော်နှင့်မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှအမ်း-ပဒါန်းလမ်းတစ်နေရာတွင်စောင့်ကြို၍ပိတ်ဆို့တိုက်ခိုက်ခဲ့ရာရန်သူနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့်ရန်သူ (၂ ) ဦးကျဆုံးပြီးသုံ့ပန်း (၁၄)ဦး၊လက်နက်ငယ် (၂)လက်နှင့်ခဲယမ်းတို့အားတိုက်ပွဲတွင်းသိမ်းဆည်းရမိခဲ့သည်“ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

အပြင်အဆိုပါရန်သူစစ်ကြောင်းသည်တိုက်ပွဲတွင်း၌ဖွဲ့စည်းပုံပျက်ကာတကွဲတပြားစီထွက်ပြေးလျက်ရှိခြင်းကြောင့်ကျွန်ုပ်တို့မှဆက်လက်၍နယ်မြေရှင်းလင်းလျက်ရှိကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင်ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူအရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးရမိထားသည့်စစ်သုံ့ပန်းများအားလိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေး၍စစ်သုံ့ပန်းမူဝါဒနှင့်အညီထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်းထုတ်ပြန်ထားသည်။

“ကျွန်ုပ်တို့ကျောင်းသားလက်ရုံးတပ်တော်သည် “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့်နိုင်ငံတော်သစ်ဆီသို့”ဦးလည်မသုန်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်”ဟုကျောင်းသားလက်ရုံးတပ်တော်ဗဟိုကော်မတီရုံးမှထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/992346319599164

Leave a Reply

Your email address will not be published.