By DMG / 2024 November 29
မြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်စပ်ဒေသ မောင်တောမြို့နယ် ကြိမ်ချောင်းကနေ တောင်ပြိုလက်ဝဲအထိ ၁၅ မိုင်ကျော် ရှည်လျားတဲ့ကားလမ်းဟာ တောတောင်တွေကြားကနေ ဖြတ်သန်းသွားလာရပါတယ်။ဒေသခံခရီးသွားတွေဟာ အဲဒီလမ်းပိုင်းမှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကို မကြာခဏဆိုသလို ကြုံတွေ့နေကြရပါတယ်။၁၅ မိုင်ကျော်ရှည်လျားတဲ့ ကြိမ်ချောင်း-တောင်ပြိုလက်ဝဲ လမ်းပိုင်းကိုသွားလာဖို့ ဒေသခံတွေမှာ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေသလဲဆိုတာကို DMG က တင်ဆက်ပေးလိုက်ပါတယ်။
https://www.facebook.com/dmgnewsagency/posts/973592118147718