By Narinjara / 2024 November 08
ခရီးသွားပြည်သူများအား ပုံစံမျိုးစုံဖြင့်အနိုင်ကျင့်ငွေညစ်တောင်းခံမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသောအမ်းမြို့အဝင် ပဲပဒုံဂိတ်နှင့်စခန်းကို အာရက္ခတပ်တော် ( AA) က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။
ပဲပဒုံစစ်ဆေးရေးဂိတ်သည်အမ်းမြို့မှ မင်းဘူးဘက်သို့ အတွက် ပဲပဒုံတံတားထိပ်တွင် တည်ရှိပြီး ရခိုင်ပြည်သို့ အဝင်အထွက်ကားများကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေသော ဂိတ်တစ်ခုလည်း ဖြစ်သည်။
ဒေသအတွင်းစစ်ရေးသတင်းအရင်းမြစ်တစ်ခုက”ပဲပဒုံဂိတ်မှာနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြတာသုံးလေးရက်ကျော်ပြီ။အခုတော့အပြီးအပိုင်သိမ်းလိုက်ပါပြီ”ဟုဆိုသည်။
ပဲပဒုံတွင်သရက်ပင်စခန်းမှထွက်ပြေးလာသောစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်စစ်ကူလိုက်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များစုပေါင်းပြီးAAထိုးစစ်ကိုခုခံနေသောနေရာတစ်ခုဖြစ်သည်ဟု၎င်းက ဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ)၏ပတ်လည်ရှိတပ်စခန်းများကို AAမှသိမ်းပိုက်ထားပြီး လက်ရှိအချိန်တွင်အာရက္ခတပ်တော်သည်ခမရ ၃၇၂ ကိုသိမ်းပိုက်ရရှိရန်ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုသိရသည်။
စစ်ကောင်စီသည်အခိုင်အမာတည်ဆောက်ထားသောအနောက်ပိုင်းတိုင်းစစ်ရုံးချုပ်နပခကိုတပ်ရင်းတပ်ခွဲ ၁၇ ခုဖြင့်တည်ဆောက်ပြီး လက်ရှိအချိန်တွင် အာရက္ခတပ်တော်သည် ခမရ ၃၇၃၊ခမရ ၃၇၁ နှင့်အရေးပါသောတပ်ရင်း ၁၄ ခုကိုအပြီးအပိုင်သိမ်းပိုက်ထားပြီစစ်ဘက်သတင်းများအရ သိရသည်။
https://www.facebook.com/narinjara.info/posts/977240171109779