တောင်ကုတ်မြို့ပေါ် ရှိ ကိုင်းရှည်တံတားကာကင်းကို AA က ဒရုန်းနဲ့ စတင်တိုက်ခိုက်၊ စစ်သားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွား

By Narinjara / 2024 November 03

ရခိုင်ပြည်၊ တောင်ကုတ်မြို့ပေါ်မှအချက်အခြာအကျဆုံး ကိုင်းရှည်တံတားတွင် နေရာယူထားသည့် စစ်ကောင်စီကာကင်းကို အာရက္ခတပ်တော် (AA)က ယနေ့ညနေပိုင်းတွင် အဝေးထိန်းဒရုန်းဖြင့်တိုက်ခိုက်၍ တပ်ဖွဲ့ဝင်တစ်ဦးပေါင်ပြတ်ထွက်သွားသလို တခြားဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။

ကိုင်းရှည်တံတားပေါ်တွင် ဘန်ကာသဲအိတ်များဖြင့် ကာကင်းတည်ဆောက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ နိုဝင်ဘာ ၃ ရက် ၊ ညနေ ၅ နာရီဝန်းကျင်တွင် AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့ခံတစ်ဦးက “ကိုင်းရှည်တံတားမှာစစ်သားတွေတပ်စွဲထားတာကြာပြီ။ အဲဒါကို ဒီနေ့ အေအေက ဒရုန်းနဲ့ချတာ။စစ်တပ်ဘက်ကတစ်ယောက်ကတော့ ပေါင်ပြတ်သွားတယ်လို့ သိရတယ်။ တံတားလက်ရန်းသံဘောင်ကို ကျတယ်တဲ့။ တခြားထိခိုက်တာတွေလည်းရှိနိုင်သေးတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။

AA က အောက်တိုဘာ ၃၁ ရက်မှစတင်၍ မြို့အနီးဝန်းကျင်မှ ပန်းမြောက်တောင်အမြောက်တပ်အပါအဝင် စစ်ကောင်စီ၏ ခံစစ်စခန်းတချို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် မြို့ပေါ်အထိ ဒရုန်းဖြင့်တိုက်ခိုက်လာခြင်းဖြစ်သည်။

ကိုင်းရှည်တံတားသည် ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင်ရှိပြီး အများပြည်သူ ဖြတ်သန်းသွားလာရေးအတွက် အချက်အခြာကျသည့် တောင်ကုတ်မြို့ပေါ်မှ တစ်စင်းတည်းသော တံတားကြီးဖြစ်သည်။

အဆိုပါတံတားတွင် ရခိုင်တိုက်ပွဲစတင်ချိန်ကပင် စစ်ကောင်စီတပ်က ဘန်ကာများတည်ဆောက်တပ်စွဲနေပြီး ပြည်သူများကိုပိတ်ဆို့ထားခဲ့ကြောင်းမြို့ခံများကပြောသည်။

ကိုင်းရှည်တံတားနှင့် သုံးဖာလုံခန့်အကွာတွင် တောင်ကုတ်မြို့မရဲစခန်းနှင့် စစ်ကောင်စီဌာနဆိုင်ရာများ၊ မြို့မဈေးကြီးတို့ရှိသည်။

AA သည် လက်ရှိတွင် ပန်းမြောက်တောင်အမြောက်တပ်၊ တောင်ကုတ်တက္ကသိုလ်အနီးမှ စစ်ကောင်စီ၏ လက်နက်ကြီးတပ်များကိုထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီကလည်း တိုက်ပွဲဧရိယာများကို အပြင်းအထန်ဗုံးကြဲတိုက်ခို

https://www.facebook.com/narinjara.info/posts/973517901482006

Leave a Reply

Your email address will not be published.