တင်းမရွာက မငြိမ်းနိုင်သေးတဲ့ ပရိဒေဝမီး

By DMG / 2024 November 17

၂၀၂၀ ပြည့်နှစ် မတ်လဟာ တင်းမရွာကမိသားစုတွေ ရှင်ကွဲ၊သေကွဲ ကွဲကွာသွားခဲ့ရတဲ့ နေ့ရက်တွေဖြစ်ခဲ့ပါတယ်။
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးက တောင်ရှည်တောင်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီရဲ့ တပ်မ(၅၅) တပ်ဖွဲ့ဝင်တွေဟာ တင်းမကျေးရွာသား ၁၈ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့်ပါ။
စစ်သားတွေဟာ တင်းမရွာသား ၁၈ ယောက်ရဲ့ မျက်လုံးတွေကို အဝတ်စနဲ့စည်း၊ လက်ကို နောက်ပြန်ကြိုးတုပ်ပြီး မိသားစုဝင်တွေရှေ့မှာပဲ ရိုက်နှက်ဖမ်းဆီးသွားခဲ့တဲ့မြင်ကွင်းဟာ မေ့ပျောက်မရတဲ့ ဖြစ်ရပ်ဆိုးကြီးအဖြစ် မြင်ယောင်နေဆဲလို့ တင်းမရွာသားတွေက ပြောပါတယ်။
ရခိုင်တကျော့ပြန်စစ်ရေးကာလ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်အခြေချထားတဲ့ တောင်ရှည်တောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ခဲ့ပေမယ့် တင်းမကျေးရွာသား ၁၈ ယောက်နဲ့ပတ်သက်လို့ အထောက်အထားတစုံတရာ မတွေ့ခဲ့ရပေ။‌
ရခိုင်စစ်ရေးကာလအတွင်းမှာ တင်းမကျေးရွာသား ၁၈ ယောက် ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ဟာ အဖြေမထုတ်နိုင်တဲ့ပုစ္ဆာအဖြစ်သာ ဆက်ပြီးကျန်ရှိနေဆဲဖြစ်သလို ကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ ပရိဒေဝမီးဟာလည်း မငြိမ်းနိုင်သေးပါဘူး။

https://www.facebook.com/watch/?v=1284820846073238

Leave a Reply

Your email address will not be published.