BPLA အညာမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်တော့မည်

By Narinjara / 2024 October 28

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် အညာဒေသတွင် အခြေချပြီးစစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLAတပ်ဖွဲ့တာဝန်ခံမောင်ဆောင်းခက ပြောသည်။

အောက်တိုဘာလ၂၇ ရက်တွင် သူ၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် အသိပေး ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မောင်ဆောင်းခက”ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာမကြာခင် အညာဒေသမှာ အခြေချပြီးစစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကိုကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ရေးသားဖော်ပြထားသည်။

မဟာမိတ်အဖွဲ့များနှင့်အတူပူးပေါင်းပြီးစစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင်စတင်ခဲ့သည့် အာရက္ခတပ်တော်(AA)အပါအဝင်မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ စစ်အာဏာရှင် အမြစ်ပြတ်ရေး ၁၀၂ရစစ်ဆင်ရေးတွင်လည်း BPLA ကပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိသည်။

BPLA ကို AA ကလည်းစနိုက်ပါသင်တန်းနှင့် စစ်သင်တန်းများ ပို့ချခဲ့ဖူးသည်။

လက်ရှိတွင်BPLA တပ်ကို အင်အားပိုမိုကြီးထွားအောင်ကြိုးစားနေပြီး တပ်သားသစ်များကိုလည်းစိစစ်ရွေးချယ်ခေါ်ယူနေကြောင်း BPLA က အောက်တိုဘာ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/968252142008582

Leave a Reply

Your email address will not be published.