By DMG / 2024 October 31
အမ်းမြို့အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA)က ထိုးစစ်အရှိန်မြင့်တိုက်ခိုက်နေတာကြောင့် အမ်းမြို့နယ်မှာ တိုက်ပွဲတွေဟာ နေ့စဉ်ရက်ဆက်ပြင်းထန်နေပါတယ်။
လက်ရှိမှာ AA က အမ်းမြို့တစ်ခုလုံးကို ပိတ်ဆို့ပြီး အရှိန်မြှင့်တိုက်ခိုက်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို စစ်ကောင်စီကလည်း လေကြောင်းကို အဓိက အသုံးပြုပြီး အပြင်းအထန်ခုခံတိုက်ခိုက်နေပါတယ်။