By DMG / 2024 October 23

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) နေ့လည် ၁၂ နာရီခွဲတွင် ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် (၂)ကြိမ်၊ ဗုံး(၁၈)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို TNLA က သိမ်းပိုက်ထားသည်။
https://www.facebook.com/dmgnewsagency/posts/947207364119527