ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

By Irrawaddy / 2024 September 20

ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော ဒေသတွေကို သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် (AA)ရဲ့ ရန်က ကာကွယ်ဖို့ စစ်တပ်အနေနဲ့ သူတို့အရင်က အကြမ်းဖက်အုပ်စုလို့ ကြေညာထားတဲ့ ARSA လို့အဖွဲ့တွေနဲ့ မဟာမိတ်ပြု နေရတဲ့ အခြေအနေ၊ တိုက်ပွဲတွေအတွင်းမှာ အဲဒီဒေသက ရိုဟင်ဂျာ အရပ်သားတွေကို AA က တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲထားမှုတွေနဲ့ ပတ်သက်လို့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဒီအင်တာဗျူး ဒုတိယအပိုင်းမှာ မေးမြန်းထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်၊ ၆ ရက်မှာ AA က မောင်တောက ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်တယ်လို့ ရေးတာတွေ့ရပါတယ်။ AA ကလည်း မဟုတ်ဘူးလို့ ငြင်းတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုသက်သေပြနိုင်ပါသလဲ

ဖြေ။ ။ စွပ်စွဲမှုတွေကတော့ အများကြီး ဘူးသီးတောင် မတိုက်ခင်ကကလည်းရှိတယ်။ တိုက်နေတဲ့အချိန်မှာလည်း ရှိတယ်။ အဲဒီ မတိုင်ခင်လည်း အများကြီးရှိခဲ့တယ်။ ရခိုင်ဒေသရဲ့ ပဋိပက္ခကို မေးခွန်းတခုရှိလာပြီဆိုရင် အဲ့ဒီ မေးခွန်း တခုကို အဖြေတခုတည်းနဲ့ ရှင်းရခက်တာမို့လို့ နည်းနည်းလောက် Context တွေကို ထည့်ပြီးမှ ပြောဖို့လိုပါ မယ်။

ဒုတိယကမာ္ဘစစ်ကတည်းက မြန်မာရော ရခိုင်တွေရော ဒီဘက်က ဂျပန်တွေနဲ့ တက်လာတဲ့အချိန်မှာ ရခိုင်ဘက်မှာ နယ်စပ်နေ မွတ်စလင် Community တွေက အင်္ဂလိပ်ဘက်မှာ ရပ်တည်ပြီးမှ သူတို့ တိုက်ခဲ့တာပေါ့။ ပြီးတော့ အင်္ဂလိပ်တွေက နတ်မြစ်တဖက်ကို ကူးသွားတဲ့အချိန်မှာ သူတို့လက်ထဲမှာ ထည့်ပေးခဲ့တဲ့ လက်နက်တွေနဲ့ ဒေသခံ တွေကို အခုစကားနဲ့ပြောရရင် ဂျီနိုဆိုဒ်လုပ်ခဲ့တာ ပြောရမယ်ဆိုရင် အများကြီးသေခဲ့တယ်။ ဒါကြောင့်မို့ အပြန်အလှန် သတ်ဖြတ်မှုတွေ သံသရာတွေလည်ပြီးမှ အမုန်းတရားတွေ မယုံကြည်မှုတွေ ရှိခဲ့ကြတာပေါ့။ သူ့ဘက်ကကြည့်ရင် လည်း သူ့ရဲ့ နာကြည်းမှုတွေရှိသလို ကျနော်တို့ဘက်ကလည်း ကျနော်တို့ အဲ့လိုမျိုးဟာတွေ ရှိခဲ့တယ်။ ဒါကြောင့် ယုံကြည်မှုဆိုင်ရာ အခက်အခဲက တအားစိန်ခေါ်မှုကြီးတယ်။

ဒါတွေက ၁၉၅၀ ကျော် ဦးနုခေတ်မှာ ဗမာနိုင်ငံရေးသမားတွေက ရခိုင်- မွတ်စလင် မသင့်မြတ်မှု ရန်ငြိုးတွေကို အသုံးချပြီးကစားတာပေါ့။ ရခိုင်မှာ ဒီမိုကရေစီခေတ်ဖြစ်တယ်။ ရခိုင်ပါတီတွေကို ဗမာပြည်မပါတီက မဲပြိုင်လို့မနိုင် ဘူး။ဖဆပလလည်း ရတညပါတီကို မဲပြိုင်လို့ မနိုင်ဘူး။ အဲ့ဒီအချိန်မှာ ကြံ့ခိုင်ရေးက မွတ်စလင် ငါးသိန်းကို ဝှိုက်ကဒ် ထုတ်ပေးပြီး မဲဆွယ်သလိုပဲ ဦးနုကလည်း ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ ရိုဟင်ဂျာလား ကောင်းတယ်။ ရိုဟင်ဂျာဖြစ်ပြီ။ မေယုခရိုင် ကို အုပ်ချုပ်ရေးပေးမယ်ဆိုတာလို အခု စကစကလည်း လက်နက်နဲ့ သင်တန်းပေးပြီးမှ ဒါ မင်းတို့ ဒေသ ဖြစ်တယ်။ အကုန်ချ။ ဒီဟာတွေအတွက် မင်းတို့ တာဝန်ယူရမယ် ဘုရားသခင်ရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့ ဟာမျိုးပေါ့ဗျာ။

ရခိုင်ဒေသရဲ့ လူမျိုးရေး ဘာသာရေးဆိုင်ရာ မသင့်မြတ်ခဲ့မှုတွေကို တောက်လျှောက် ဒီဗမာပြည်မက နိုင်ငံရေးသမား တွေရော စစ်အင်အားစုတွေရော ဒါကိုသပ်လျှိုပြီးမှ အမြတ်ထုတ်တာပေါ့။ ဒီလိုမျိုးရှိတော့ ဦးနု လက်ထက်မှာလည်း အသံလွှင့်ခဲ့တဲ့ကိစ္စတွေ တဖက်က ဒီထောက်ပြတဲ့ဟာတွေရှိတာပေါ့။ ငါတို့ကို ဦးနုလက်ထက်မှာ အသံလွှင့်ခဲ့တယ်။ ဒီမှာ ဒီတံဆိပ်ကို နိုင်ငံတော်က သုံးခဲ့တယ်။ ဒီနယ်မြေကိုခေါ်ခဲ့တယ်ဆိုတာကတော့ ဒါ နိုင်ငံရေးသမားတွေရဲ့ မရိုးသား မှုတွေကြောင့် ဖြစ်လာတဲ့ ပိုမိုရှုပ်ထွေးခဲ့တဲ့ အခြေအနေတွေဖြစ်တယ်။ ဒီ ပြဿနာတွေက စကစလက်ထက်မှာ ပိုပြီး ဆိုးရွားခဲ့တယ်။

ဒုတိယကမာ္ဘစစ်က စခဲ့တဲ့ပြဿနာတွေ ဦးနု ဒီမိုကရေစီခေတ်မှာ ဖဆပလနဲ့ မွှေးခဲ့တဲ့ မီးတွေ နောက်ပိုင်း ဦးသိန်းစိန် လက်ထက်မှာ AAက ပေါ်လာခဲ့တယ်။ AA က ၂၀၀၉ မှာ တည်ဆောက်ပြီးတော့ ၂၀၁၄ လောက်မှာ အတော်လေး ကြီးကြီးမားမား ပေါ်လာတဲ့အချိန်လောက်မှာ ကျနော်တို့ နောက်ပိုင်း စုံစမ်းသိရှိရတာက ၂၀၁၅ ဝန်းကျင်လောက်မှာ ရန်ကုန်မှာ စီးပွားရေးလုပ်နေတဲ့ ဘူးသီးတောင် မောင်တောက စီးပွားရေးသမားတွေ Naing Group တို့ Fatherland တို့ အဲဒီပုဂ္ဂိုလ်တွေက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တယ်။

သူတို့ကိုသုံးပြီးတော့မှ AA ကို Counter Balance လုပ်ဖို့ အတွက် သူတို့ဟာ ARSA ကို ဖန်တီးခဲ့တယ်ဆိုတဲ့ အချက် အလက်တွေကို ကျွန်တော်တို့ ပြန်ပြီးတွေ့လာခဲ့တယ်။ ဒါတွေကို သူတို့က ဖန်တီးခဲ့ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်လာခဲ့ချိန်မှာ အဲဒီကပဲ အစိုးရကို ဆွဲချမဲ့ Scheme တခုပေါ့။ မကြံကောင်းမစည်ရာတခုကို သူတို့ဖန်တီး ခဲ့တယ်ဆိုတဲ့ ဒီအချက်အလက်တွေကို ကျနော်တို့ ပြန်ပြီးတွေ့လာခဲ့တယ်။

ဒါတွေကို ဖန်တီးရင်းနဲ့ပဲ သူ ထိန်းမနိုင်သိမ်းမရဖြစ်ပြီးမှ အကုန်လုံးမြောင်းထဲကို ရောက်သွားတဲ့ ဖြစ်စဉ်တွေရှိတယ်။ ဒါကတော့ ဒီကိစ္စ ဒီဒေသရဲ့ Gravity ကို ဘယ်လောက်ထိ ဂရုစိုက်စရာလိုသလဲဆိုတာကို ပြောပြတာဖြစ်တယ်။ ပြီးတော့ သူတို့ အာဏာသိမ်းတဲ့ နောက်မှာလဲပဲ စစ်ရှုံးရင်းနဲ့ ကယ်ရာမဲ့ ကူရာမဲ့ဖြစ်လာတဲ့အချိန်မှာ အရမ်းမိုက်မဲတဲ့ ဆုံးဖြတ်ချက်ကိုချတယ်။ ဒီထဲက သင်တန်းပေးတာတို့ လက်နက်တပ်ဆင်တာတို့ ARSA လိုမျိုး အကြမ်းဖက်အဖွဲ့ကို တောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူးပေါ့ဗျာ။ ဒါအစိုးရတခုရဲ့ ဂုဏ်သိက္ခာ ပြီးမှ နိုင်ငံတော်ရဲ့ စစ်တပ်တစ်ခုမှာ တိုင်းပြည်နဲ့လူမျိုးအပေါ်ကိုထားရှိရမယ့် သစ္စာတရား။ အဲ့ဒါကျင့်ဝတ်တွေကို ဘာမှမရှိတော့ဘူး။

မေး။ ။ ဘူးသီးတောင် မောင်တောမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ARSA ကို တခြား RSO လို အဖွဲ့တွေကို လက်နက်တပ်တာတွေ သင်တန်းပေးတာ စစ်သားစုဆောင်းတာတွေ ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့တယ်။ ကျနော်တို့ကိုယ်တိုင် သတင်းတွေကို ရေးခဲ့တာရှိပါတယ်။ နိုင်ငံတကာကလည်း ရေးခဲ့တာရှိပါတယ်။ အဲ့ဒါကို ဖမ်းမိတဲ့စစ်သုံ့ပန်းတွေ အရာရှိတွေကိုယ်တိုင်ကိုက ဝန်ခံထားတာတွေလည်း တွေ့ရပါတယ်။ AA အနေနဲ့ကရော ဘယ်လိုအထောက် အထားတွေရှိလဲ။ ဘယ်လို Update တွေရှိလဲ သိချင်ပါတယ်။

ဖြေ။ ။ ပစ္စည်းသက်သေ၊ လူသက်သေ၊ ဒေတာတွေအကုန်လုံးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဘူးသီးတောင်ဒေသရဲ့ စစ်ဌာနချုပ်တစ်ခုလုံးကို သိမ်းထားတာဖြစ်တယ်။ တပ်မဌာနချုပ်မှာရှိတဲ့ ကွန်ပျူတာတွေရော၊ သူ့ရဲ့ အမိန့်ပေးတဲ့ စာရွက်စာတမ်းတွေရော၊ အဲ့ဒီ အမိန့်ကို လက်တွေ့ကျကျအကောင်အထည် ဖော်ခဲ့တဲ့ ဦးစီးအရာရှိ တွေရော အကုန်လုံးရှိနေတယ်။ သူ့တို့ရဲ့ ဖုန်းတွေကဟာတွေ အကုန်လုံး ကျနော်တို့ လက်ထဲမှာရှိတယ်ဆိုတော့ ဒါ more than enough ပေါ့။ တခြားဟာတွေလည်း ရှိပါသေးတယ်။ ဒီဟာတွေက ကျနော်တို့ စစ်ကာလမှာ ဖော်မပြသေး တဲ့လိုအပ်ချက်တွေပေါ့။

ဘယ်သူက ဘယ်လို ဘယ်ရွာကို ဘယ်လိုမီးရှို့ဖို့အမိန့်ပေးပြီးမှ ဒီဟာကို ရခိုင်မီးရှို့ပါတယ် ဆိုပြီးမှ ပြောလိုက်ကွာ ဆိုတဲ့ ဟာမျိုး၊ ပြီးမှ သူတို့အချင်းချင်း ကြည့်ရှင်းပါစေဆိုတာမျိုးတွေ ဒါတွေလည်း ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထား တွေနဲ့ ရှိနေပါတယ်။

မေး။ ။ ဒီ Evidence တွေကို ကျနော်တို့ မီဒီယာတွေ၊ နိုင်ငံတကာနဲ့ အခု ရခိုင်ပြည်အရေးကိုပြောနေတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရော ဒါတွေကို သူတို့ ဘယ်တော့ သိခွင့်ရမှာလဲ။ ဘယ်တော့ ကြည့်ခွင့်ရမှာလဲ။

ဖြေ။ ။ Evidence တွေကတော့ အများကြီးရှိတယ်။ တချို့ကျတော့ Declassify လုပ်ပေးလို့ရတယ်။ သို့သော် ဒီ တိုက်ပွဲက မပြီးသေးဘူး။ ရန်သူတွေက နောက်ဆုတ်သွားတယ်ဆိုပေမယ့် ပြီးမြောက်တဲ့ အောင်မြင်မှုလို့တော့ ကျနော် တို့ မယူဆဘူး။ တချိန်ချိန်မှာ သူပြန် ထိုးလာခဲ့ရင် ကိုယ်က သူ့ကို နိုင်လိုက်တဲ့ သော့ချက်တွေကို အခုက ဖော်ထုတ် လိုက်ပြီဆိုရင် အဲ့ဒီအချိန်မှာ ကျနော်တို့ စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်ရမယ်ဆိုတော့ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို အကုန် လုံး Declassify လုပ်လို့မရတဲ့ အနေအထားမှာ အခုလောက်ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေရှိနေရင်တောင်မှ ကျနော်တို့ဟာ ကြိတ်မှိတ်သည်းခံပြီးမှ ဒါကို ထိန်းထားတဲ့သဘောတွေလည်းရှိနေတယ်။

လူတွေကိုလည်းရှိမယ် တခြားနည်းပညာဆိုင်ရာတွေ လည်းရှိ မယ်ပေါ့။ အဲ့ဒါတွေကိုလည်း ဖော်ပြလို့မရသေးဘူး။ သို့သော် ကွန်ပျူတာ Device တွေကရတဲ့ဟာတွေကိုတော့ ကျနော်တို့ ဖုန်းတွေကရတဲ့ဟာတော့ Declassify လုပ်လို့ရပါတယ်။ ထုတ်ပြလို့ရပါတယ်။ အဲ့ဒါတွေကျတော့ ကျနော်တို့ ကြိုးစားကြည့်မယ်။

မေး ။ ရခိုင်ပြည်မှာ ပဋိပက္ခတွေစတာနဲ့၊ တိုက်ပွဲတွေဖြစ်တာနဲ့ အသံတွေ သတင်းတွေအမျိုးမျိုး ထွက်လာ တာရှိတယ်။ ဒီအခါမှာ AA ကို လက်ညှိုးထိုးတာလည်း အများကြီးတွေ့ရတော့ Strategic Communication ပေါ့ မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးကိစ္စတွေမှာ AA အနေနဲ့ရော သူ့ကိုယ်သူ အားနည်းနေတယ်လို့ ခံစားရလား။ ဒါမှမဟုတ် ဒီ Level မှာ Strategic Communication မှာ သူ့ဘက်က အားသာတယ်လို့ ခံစားရလား။

ဖြေ။ ။ ဒီဆူညံသံတွေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့က သူရဲ့ ဆူနာမီလှိုင်းအောက်ကို ရောက်နေသလိုမျိုးတော့ ဖြစ်တာပေါ့။ သို့သော်လည်း တကယ်တမ်း Commitment နဲ့ ယုံကြည်မှုအပိုင်းမှာတော့ ကျနော်တို့ တပြားမှမလျော့ ပါဘူး။ အရင်ထက် ပိုပြီးမှတောင် ခိုင်မာပြီးမှ လုပ်ရမယ့်ကိစ္စ၊ ရန်သူမိတ်ဆွေ ပိုရှင်းသွားတာပေါ့ဗျာ။

အရင်တုန်းက ဆိုရင် ကျနော်တို့ အပြင်ကလူတွေနဲ့ပဲ ဒီ Stakeholder တွေနဲ့ ထိုင်ပြီးမှ ဆွေးနွေးရမလိုလို၊ အခုတော့ သူကလည်း ရန်သူဘက်က ဗြောင်ရပ်တည်ပြီဆိုတော့ ကျနော်တို့လည်း သူ့ကို ရန်သူလို့ပဲ သတ်မှတ်လိုက်မယ်လေ။ ဒါက ရှင်းနေတာပဲ။ ပြီးတော့ ကျနော်တို့က အပြောထက် လက်တွေ့သမားတွေဆိုတော့ ရခိုင်ဒေသမှာ တခြား မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ တခြားမြို့တွေမှာလည်း မွတ်စလင် Community ကြီးကြီးမားမားရှိပါတယ်။

ဒီဒေသတွေမှာ အုပ်ချုပ်ရေး၊ ရဲလုပ်ငန်းတို့မှာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်းပါဝင်နေတာပဲ။ ပြဿနာတော့ အနည်းအကျဉ်းရှိ ပေမယ့် ဒါလူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ပဲ ဒါရာဇဝတ်ဂိုဏ်းတွေရဲ့ ပြဿနာတို့၊ လူအချင်းချင်းသာမန်ဖြစ်တဲ့ ပြဿနာပဲရှိတယ်။ ကျနော်တို့က ဒါ Testament ပဲ။ ကျနော်တို့ရဲ့ အခြေခံမူဝါဒနဲ့ လုပ်ဆောင်ချက်တွေ Principle တွေ ကို ဘယ်လောက်လိုက်နာပြီးမှ လုပ်ထားတယ်၊ ဘယ်လောက်တည်ငြိမ်အောင် လူမျိုးရေးသဟဇာတကို တဖြေးဖြေးနဲ့ လုပ်လာတယ်ဆိုတာကို ကျနော်တို့ရဲ့ လုံးဝသက်သေပြနိုင်တာပဲ။

အခုက ဒီမြို့ ၂ မြို့မှာ အစွန်းရောက်အဖွဲ့တွေက စစ်တပ်နဲ့ပေါင်းတယ်။ ပြီးမှ ဒီဟာတွေကို အပြင်က အဖွဲ့တွေက ပြင်းပြင်းထန်ထန်လော်ဘီလုပ်တယ်။ သူတို့ကတော့ ဒီကိစ္စမှာ အတွေ့အကြုံလည်း အများကြီးရှိတယ်။ ဥပဒေတွေ လည်း အများကြီးကျွမ်းကျင်တယ်။ ရံပုံငွေတွေကိုလည်း ရထားတယ်။ နဂိုကတည်းက လုပ်လက်စအလုပ်တွေနဲ့ အရမ်းလည်ပတ်တာပေါ့။ သူတို့က ဒီမြို့ ၂ မြို့ကို ဘာဖြစ်လို့ ဒီလိုမျိုးလုပ်သလဲဆိုတော့ သူရဲ့ စိတ်ထဲမှာ ဒီ R2P လွန်ခဲ့တဲ့ ၂၀၁၇ က လှုပ်ရှားမှုကို ကြည့်ရင်လည်းပဲ ငါတို့မှာ ဘယ်လောက်သေသွားပြီ။ ဘယ်လောက်ထိ တဖက်ကို သိက္ခာတွေချလိုက်တယ်ပေါ့။ ဒါကလည်း ချစရာလည်း ကောင်းလို့ချလို့ရတာပါ။

သူတို့ ပြောတိုင်းလည်း လူတိုင်းလည်း အမှန်လို့ ယုံကြည်တာတော့ မဟုတ်ပါဘူး။ သက်သေပြလို့ရတယ်။ အဲ့လိုမျိုး ဖြစ်တယ်။ သူတို့က ဘယ်လောက် သနားစရာကောင်းတယ်။ နိုင်ငံတကာက ဝင်ပြီးမှ နိုင်ငံတကာရဲ့ Intervention နဲ့ R2P ကို ဖော်ဆောင်ရမယ်။ ဘယ်စကားပဲ ပြောပြော၊ သူ့ရဲ့စကားရဲ့ ရည်ရွယ်ချက်ကတော့ R2P ပဲ။ International intervention လုပ်ရမယ်၊ R2P လုပ်ရမယ်။ သူတို့အတွက် သီးခြား Safe Zone လုပ်ရမယ်။ သူတို့က အဲ့ဒီ Safe Zone လုပ်ဖို့အတွက် မှန်းထားတဲ့နေရာက ဘူးသီးတောင်နဲ့ မောင်တောပဲ။

ကျနော်တို့ကလည်း ဘူးသီးတောင်နဲ့ မောင်တော ဆိုတာ ကျနော်တို့ အဖရခိုင်ပြည်ရဲ့ ဘိုးဘွားပိုင်နယ်နမိတ်ဖြစ်တယ်။ သူတို့လာနေတာက နေလို့ ရတယ်။ အင်္ဂလိပ်က သူတို့နဲ့ legacy ပဲ။ ဒါသမိုင်းရဲ့ ဖြတ်သန်းမှုမှာ အရှိတရားတွေပဲ။ သူတို့လာခဲ့တယ်။ မြို့တွေတည်တယ်။ နေတယ်။ အေးချမ်းစွာ သစ္စာရှိစွာနဲ့ ချစ်ချစ်ခင်ခင် နေဖို့ပဲရှိတယ်။ သီးခြား ဖဲ့ထုတ်ပြီးမှ ကျနော်တို့ဒေသကို ဆိုတာတော့ ကျနော်တို့ဘက်ကလည်း ရှင်းပါတယ်။

ကျနော်တို့ ဒီဒေသတွေကို တိုက်တဲ့အချိန်မှာ အသံတွေက တအားထွက်လာပြီ။ မတိုက်ခင်ကတည်းက အသံတွေက တအားထွက်နေပြီ။ အသံကတော့ ထွက်မှာပဲ။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်က Security Agency တွေပေါ့။ BGB တို့ တခြားဘင်္ဂလား Army တို့ကို ဒီဘက်မှာတော့ ငါတို့ စစ်ဆင်ရေး လုပ်တော့မယ်။ နယ်စပ်မှာ ပြဿနာတွေ နည်းနည်း ရှိနိုင်တယ်။ ပြည်သူတွေအပေါ်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်တော့ ငါတို့ ကြိုးစားမယ်။ Civilian Protection နဲ့ ပတ်သက်ပြီးမှ ကျနော်တို့ရဲ့ ရဲဘော်တွေကိုလည်း လိုက်နာဖို့အတွက် သေသေချာချာ ပြောထားတယ်။ ဒီကြားထဲက လည်း တချို့ရဲဘော်တွေ ပြဿနာတက်ခဲ့တာတွေရှိတယ်။ ရှိတာကြောင့်မို့လို့လဲ ကျနော်တို့ အရေးယူထားတာ တွေရှိ တာ ဒေသခံတွေသိပါတယ်။

ကျနော်တို့လည်း မွတ်စလင်ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ဆောက်ထားတဲ့ ကျေးလက်အုပ်ချုပ်ရေးတို့ ဘာသာရေးအဖွဲ့တို့ တရားစီရင်ရေးတို့ရှိပါတယ်။ သူတို့မပါရင်လည်း ဒီလောက်များတဲ့ လူဦးရေကို ကျနော်တို့ မစီမံနိုင် ပါဘူး။ ဒါကြောင့် ရခိုင်ပြည် မွတ်စလင်အသိုင်းအဝိုင်းကို ကျနော်တို့က အမြဲတမ်း ခွဲပြီးမှ ကြည့်တယ်။

ရခိုင်ပြည်ထဲမှာ ကျန်ခဲ့တဲ့ မွတ်စလင်အသိုင်းအဝိုင်းရှိမယ်။ ဒုက္ခသည်စခန်းမှာ နေတဲ့သူရှိမယ်။ နိုင်ငံတကာမှာနေတဲ့ အသိုင်းအဝိုင်း ရှိမယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ စဉ်းစားပုံစဉ်းစားနည်းတွေက မတူကြဘူး။ ရခိုင်ပြည်ထဲမှာနေတဲ့ Community တွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူရဲ့ ကျန်းမာရေး ပညာရေးကောင်းကောင်းနေဖို့အတွက် သူက စဉ်းစား တယ်။ ဒုက္ခသည် စခန်းမှာဆိုရင်တော့ အဖွဲ့စုံတယ်။ NGO အဖွဲ့တွေကလာပြီးမှ အစိုးရကို ဘယ်လိုဖွဲ့စည်းရမလဲ။ လူ့အခွင့်အရေးကို ဘယ်လိုတောင်းရမလဲ။ နောက်တခြားအဖွဲ့တွေက လာပြီးမှ မင်းတို့ချရမယ်။ ဘာသာရေးဆိုတာ ဒီလိုဖြစ်တယ်။ ငါတို့က Super message အကုန်လုံးကို သွင်းတာပေါ့။ ဒါ ဒုက္ခသည်စခန်း။

ပြီးတော့ သူတို့ရဲ့ Vision တွေကလည်း မတူကြဘူး။ နိုင်ငံတကာရောက်နေတဲ့ သူတွေကလည်း ဒါ R2P ပဲ။ R2P, International intervention AA က တိုက်ပြီဆိုတာနဲ့ သူတို့က ကိန်းဂဏန်း လူတစ်ယောက်လောက် သေသွားတယ် ဆိုရင် လူဆယ်ရောက်လောက် သေပြီပေါ့နော်။ Inflating the event ပေါ့။ အဲ့ဒါကို လေမှုတ်ပြီးမှ အကြီးကြီး ဖြစ် အောင် ပုံကြီးချဲ့မယ်။ ပြီးရင် နိုင်ငံတကာဝင်ဖို့လိုနေပြီပေါ့။ အဆုံးမှာတော့ ဒါပါပဲ။

ဘူးသီးတောင်ကို ဝင်လာတဲ့အချိန်မှာ သူတို့က မှန်းထားတဲ့နယ်မြေကို ဒီ AA ဝင်လာတာ လုံးဝမရှုစိမ့်ဘူး။ မရှုစိမ့်တာ သူ့ရဲ့အပိုင်းပဲ။ ကျနော်စောစောကပြောသလို ရခိုင်ပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူတွေနေလို့ ရပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဘိုးဘေးပိုင်တဲ့နယ်မြေပဲ၊ ကျနော်တို့ သိမ်းမှာပဲ။ ဘယ်သူဘာပြောပြောဗျာ။ အင်္ဂါဂြိုဟ်က လာပြော ရင်လည်း သိမ်းမှာပဲ။ သိမ်းတာတော့ မယုံမရှိနဲ့။ ကာကွယ်ပေးသင့်သလိုမျိုး ကျနော်တို့ အစိုးရတရပ်အနေနဲ့ ခံယူပြီး မှလည်း ပြည်သူတစ်ယောက်ချင်းစီကို မခွဲခြားထားပဲနဲ့ ကူညီပေးမှာပဲ။

စစ်ဖြစ်တယ်ဆိုတော့ နေရာတိုင်းမှာ အိုးအိမ်ပျက်စီးတာတွေရှိတယ်။ ကျနော်တို့ ရခိုင်ရွာတွေမှာဆိုရင် မြို့တမြို့ကို မတိုက်ခင် သတင်းပေါက်ကြားမှာစိုးလို့ ကျနော်တို့ မပြောဘူး။ တိုက်ခါနီးမှပဲ မြန်မြန်ပြေးတော့ဆိုပြီး အဝတ်တထည် ကိုယ်တခုနဲ့ ပြေးရတာများတယ်။ မွတ်စလင်တွေ အများနေတဲ့ ဒေသတွေမှာဆိုရင် အဲ့ဒီလိုမျိုး အတင်းအကြပ်ရွှေ့ ပြောင်းတယ်။ သေနတ်နဲ့ပစ်ပြီးမှ စစ်ပွဲမှာညပ်တယ်လို့ အပြစ်ဖော်ပြီး တိုက်ခိုက်မှာကိုစိုးရိမ်လို့ ကြိုပြီးမှ အသိပေးတာ။ အဲ့ဒီ ၂ မြို့ပဲရှိတယ်။

ကျနော်တို့ မြို့ပေါင်းများစွာကို တိုက်ခဲ့တယ်။ မတိုက်ခင် ထွက်ပြေးပေးကြပါ ကျေးဇူးရှင်တို့ ဆိုတာ အဲ့ဒီ ၂ မြို့ပဲ။ ဘာဖြစ်လို့လဲဆိုရင် သူတို့အကြောင်းကို သိနေလို့။ ဒါတောင်မှ ငါတို့ ဘယ်ကိုပြေးရမလဲပေါ့။

ကျနော်တို့ တော်လှန်ရေးလုပ်တာ ရဲဘော်တွေမှာတောင် ဘောင်းဘီဖင်အပေါက်နဲ့ သေနတ်ပစ်နေရတာ။ ခေါင်းအုံး တောင်မရှိဘူး။ အဲ့ဒီအချိန်မျိုးမှာ လူ့အခွင့်အရေးက ဘယ်ကိုရွှေ့ရမလဲဆိုတာက အသက်မသေတဲ့ နေရာပေါ့ဗျာ။ အသက်လုပြီး ပြေးပါ။ တိုက်ပွဲမရှိတဲ့နေရာ ရောက်တဲ့နေရာမှာ ကျနော်တို့မှာ ရှိတဲ့ဟာနဲ့ ဖြေရှင်းပေးပါမယ်။ ဆန်ရှိရင် ဆန်၊ ဆေးရှိရင်ဆေး၊ ရေ၊ နေမကောင်းရင် ဆေးကုပေးပါမယ်။ ဒါကတော့ အဲ့ဒီမောင်တောတမြို့တည်း မဟုတ်ဘူး။ ကျန်တဲ့မြို့တွေမှာလည်း အကုန်လုံး ဒီပုံစံနဲ့ပဲ ဖြေရှင်းခဲ့ရတယ်။ ဒီအပေါ်မှာကျတော့ ကျနော်တို့ အများကြီး အတိုက်အခံ တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခု မောင်တောမှာ ဖြစ်နေတဲ့ ကိစ္စတွေလည်း ဒီတိုင်းပါပဲ။ တကယ်လို့များဗျာ၊ ကျနော်တို့က သူတို့ကို သတ်ဖို့၊ ဖြတ် ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုခဲ့ရင် မောင်တောအရှေ့ဘက်၊ နတ်မြစ်ကမ်းခြေကို သွားပြီးမှ နိုင်ငံတကာက မြင်နိုင်တဲ့ နေရာ မှာ ကျနော်တို့ သတ်စရာလိုပါ့မလား။ ဘူးသီးတောင်နဲ့ မောင်းတောကြားမှာ မေယုတောင်တန်းရှိတယ်။ ကျနော်တို့ ရဲဘော် ငါးထောင်လောက်ကို ပိတ်ဝိုင်းပြီးမှ ဘယ်သူမှထွက်လို့မရအောင် လုပ်ချင်လုပ်လို့ရတာပဲ။ ဒါပေမယ့် ကျနော် တို့ ဒီတောထဲက လူတွေကိုတောင် ထမင်းထုပ်နဲ့ ကယ်ခဲ့ပြီးမှ သူတို့ရွာတွေကို ပို့ခဲ့တဲ့သူက လူရှေ့သူရှေ့မှာ သွားသတ် ပါ့မလား။ ဒါဖြစ်နိုင်ခြေနော်။ စဉ်းစားဖို့အတွက် ပေးတာ။ ပြီးတော့မှ ကျနော်တို့ ဒါမျိုးသွားသတ်လိုက်ရင် သတ်လိုက် ခြင်းရဲ့ အကျိုး ဆိုးကျိုးက ဘယ်သူ့ဆီကို ရိုက်ခတ်မလဲ။ ကောင်းကျိုးက ဘယ်သူ့ဆီကို ရောက်သွားမလဲ။ ကျနော်တို့ ရန်သူကပဲ အောင်ပွဲခံသွားမှာပေါ့။

သူတကယ့် လုပ်တဲ့ပုံစံတွေက သူ့မှာဗျာ ဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် သူရွာကိုမီးရှို့ချင်လား။ သူရဲ့လူ တွေ ကို လွှတ်ပြီးမှ မီးရှို့လိုက်။ ပြီးမှ မီးရှို့ပါတယ်ဆိုတဲ့ ကြေညာချက်ကို သူ့ကို ထောက်ခံနေတဲ့ မွတ်စလင်အဖွဲ့အစည်း တွေ ကို သူ့ရဲ့ Community based ကနေ ထုတ်ခိုင်းလိုက်။ သူရတယ်။ အခုလည်းဒီအတိုင်းပဲ လုပ်နေတာပဲ။

နောက်ပြီး ဒရုန်းကိုသုံးပြီးမှ ဗုံးချတယ်ဆိုတဲ့ ကိစ္စ။ ဒရုန်းကတော့ အခု မြန်မာပြည်တွင်းစစ်မှာ အဖွဲ့တိုင်းသုံးတာပဲ။ စစ်ကောင်စီရဲ့ ဒရုန်းတွေက ကြာလာလေ၊ အဆင့်မြင့်လေ။ ကျနော်တို့ရဲ့ ဒရုန်းတွေက မိုးရွာရင်တင်လို့မရဘူး ရှော့ဖြစ် တယ်။ သူ့ဟာက မိုးဘယ်လောက်ကြီးကြီး တင်လို့ရတယ်။ သူ့မှာက ဒရုန်း Jumping System တွေလည်းရှိတယ်။ အခုဆိုရင် ပိုပြီးတောင် အဆင့်မြင့်တယ်။ ဒီတော့ သူ့ရဲ့ Jumper တွေကို ကျနော်တို့ရဲ့ ဒရုန်းတွေက တက်လို့မရဘူး။

ကျနော်တို့ ဒရုန်းက ဘယ်အချိန်တွေမှာ တက်လို့ရလဲဆိုတော့ မိုးတိတ်နေတဲ့အချိန်၊ သူ့ရဲ့ ဒရုန်းကို တင်ဖို့အတွက် သူ့ရဲ့ Jumper ကို ပိတ်လိုက်တဲ့အချိန် သူ့ဟာတက်နေပြီ၊ ငါတို့ဟာ လိုက်တက်ဆိုပြီးတော့ အဲ့လိုမျိုး အူလျားဖားလျား တင် ပြီးမှ ချရ တာ။ အဲ့လိုအချိန်မျိုး။ ပြီးတော့ ဒရုန်းကို တင်တယ်ချတယ်ဆိုတာက သမားရိုးကျတင်လို့ ချလို့မရဘူး။

ကိုယ်ဘယ်နားမှာ ရှိနေတယ်ဆိုတာကို မသိအောင်အတွက် အမျိုးမျိုးလှည့်စားမှုတွေနဲ့ ဒီနားမှာ ကိုယ်ရှိတယ်ဆိုရင်၊ တခြားနေရာက တင်ရတယ်။ မဟုတ်ရင် ဒီဒရုန်းအတက်အဆင်းလုပ်တဲ့ နေရာကို လေယာဉ်ပေါ်ကနေ ချက်ချင်း လာ ပစ်မယ်။ ဒါမျိုးတွေဖြစ်တယ်။

ဒရုန်းက ကျနော်တို့ တပ်တွေရှိတဲ့နေရာက တက်လာပါတယ်ဆိုတော့ ရှိတဲ့နေရာကို တယောက်မှပြန်မခေါ်ဘူး။ ဒါ ဘာမှမစဉ်းစားပဲ ပြောနေတာ။ ပြီးတော့ဗျာ စဉ်းစားကြည့်အုံး။ ဒုက္ခသည်တွေက မြစ်ကမ်းနားမှာရှိတယ်။ ဒီမှာ ဒရုန်း ဗုံးချတဲ့ အချိန်မှာ လူတွေက အကုန်လုံး လဲကျသေ၊ ရေထဲကို မြစ်ထဲကို ခုန်ချ ဖြစ်နေတဲ့အချိန်မှာ ဒရုန်းနဲ့ ဒရုန်းတွေ ပစ်တဲ့ trajectory ကို ကြည့်လို့ရတယ်ပေါ့။ အဲ့လိုဆို ဒါ သာမန်လူတော့ မဟုတ်တော့ ဘူးထင်တယ်။

ဒါက အဲ့ဒီမှာ ကျနော် report ကိုကြည့်လိုက်တော့ RSO က သေနတ်အပြည့်အစုံကိုင်ထားတဲ့ လူတရာကျော်လောက် က လူအုပ်ထဲမှာ ပါတယ်တဲ့။ ဒီဒုံးကျည်တို့ မော်တာတို့ပစ်တဲ့ trajectory တို့၊ ဒရုန်းတွေသွားနေတဲ့ လမ်း ကြောင်းတွေ ကို ကြည့်တတ်တဲ့ လူကျတော့ တော်တော် ဒီသာမန်ရဲဘော်ဆိုတာထက်တောင် အဆင့်မြင့်တဲ့ တိုက်ခိုက် ရေးသမား တွေရဲ့ ဒါ အသိုင်းအဝိုင်း သို့မဟုတ် ဖြစ်လာနိုင်တယ်ဆိုတော့ ဒီကိစ္စမှာ စဉ်းစားစရာ နည်းနည်း ပြကြည့်တာပါ။

မြစ်ကမ်းနားမှာ လူတွေက ဟိုဘက်ဒီဘက် ဖြတ်ကူးနေတဲ့ကိစ္စ၊ စကစက မွတ်စလင်အစွန်းရောက်အဖွဲ့တွေကို ကိုင် တွယ်တဲ့အချိန်မှာ ခွဲကစားတာတွေရှိတယ်။ RSO ကျတော့ တစ်မျိုး။ ARSA ကို တမျိုး၊ ပြီးတော့ ARSA နဲ့ RSO ကို လက်နက်တပ်ဆင်လိုက်တဲ့အချိန်မှာ ဒီကောင်တွေကလည်း သေနတ်နဲ့ပြန်ပြီးမှ စကစအရာရှိတွေကို ပြန်ချိန်တဲ့ ကိစ္စ တွေလည်း သူတို့ ပဋိပက္ခတွေအများကြီးရှိပါတယ်။ RSO ကျတော့ ဘင်္ဂလားဟိုဘက်ကမ်းက အာဏာပိုင်တွေ ဆီက နေ မျက်နှာသာနည်းနည်းရတယ်။

ဒါကြောင့်မို့လို့လည်း သူက စုဆောင်းရေးတွေ ဘာတွေလုပ်ပြီးမှ မြစ်ကိုကူးတဲ့ အချိန်မှာ အခဲအခက်မရှိဘဲ ကူးလို့ရ တယ်။ မြန်မာနယ်ခြားစောင့် နခခ ၂ ၊ နခခ ၅ တို့ကျတော့ RSO က စက်လှေ နဲ့လာတဲ့အချိန်မှာ သုံးဘီး (Tuk Tuk) တွေနဲ့ သွားကြိုရတာပေါ့။ ကျနော်တို့မှာတောင် ဖမ်းမိတဲ့ထဲမှာ အဲ့ဒီ Tuk Tuk Driver ပါလား၊ သေသွားပြီလား တချက်ပြန်စစ်ကြည့်ရမယ်။

ဒီလိုမျိုးဆိုတော့ မြစ်ကူးတဲ့ကိစ္စက တိုက်ပွဲတွေ မြို့အပြင်မှာ ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့က မြို့ထဲကလူတွေကို ရှောင်ထွက်ဖို့ ပြောတော့ တချို့လူတွေက ကျနော်တို့ရှိတဲ့ဘက်ကို လာပြီး ခိုလှုံကြတယ်။ ခိုလှုံတဲ့အချိန်မှာ ဒီစကစနဲ့ မွတ်စလင်အစွန်းရောက်တွေရဲ့ ဂိတ်တွေရှိတယ်။ အဲ့ဒီ Check-point တွေမှာ တစ်ယောက်ကို ၅ သိန်းစီပေးပြီးမှ ကျနော်တို့ဘက်ကို ထောင်နဲ့ချီပြီးမှ ခိုလှုံလာခဲ့ကြတယ်။ အဲ့ဒီလူတွေကတော့ အခုလည်း အေးရာအေးကြောင်းပဲ။ ခက်တော့ခက်တာပေါ့။ ဒါ စားရေးနေရေးခက်တယ်။ ဒါပေမယ့် အသက်ဘေးအန္တရာယ်ကို ကြောက်စရာမလိုဘူး။ အာမခံချက်ရှိတယ်။

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။ ၅ သိန်း၊ ၈ သိန်းဆိုတော့ ပိုက်ဆံအများကြီးရတယ်။ ဟိုဘက်ကမ်းကို RSO စက်လှေနဲ့ရောက် လာတယ်ဆိုတော့ ဟိုဘက်ကမ်းမှာလည်း အခက်အခဲသိပ်မရှိဘူးပေါ့။ နည်းနည်းဖြေရှင်းလို့ရတယ်။ ဒီခွင်ကို ARSA ကလည်းပဲလိုချင်တယ်။

ARSA အဲ့ဒီအခွင့်အရေးလိုချင်တော့ ARSA နဲ့ RSO မြစ်ကမ်းနားမှာ ပစ်ခတ်မှု တွေ မကြာမကြာဖြစ်တယ်။ လူသေမှု တွေဖြစ်တယ်။ ကောင်မလေးတွေကို ခေါ်ပြီးမှ နေ့ရော ညရောသိမ်းထားပြီးမှ အသက်အရွယ်အလိုက်ခွဲပြီးမှ သူ့ကို အဲ့ဒီကိစ္စတွေလည်း လျှို့ဝှက်မဟုတ်ပါဘူး။ ကျနော်တို့ ဒီမှာ လျှောက်ပြောတာ မဟုတ်ဘူး။

မောင်တောတိုက်ပွဲတွင်း ပိတ်မိနေသည့် မွတ်စလင်အရပ်သားများကို AA တပ်ဖွဲ့များက ကယ်ထုတ်နေစဉ် ((AA Info Desk)

မေး ။ ။အသက်အရွယ်အလိုက်ခွဲပြီးတော့ ဘာလုပ်တာလဲ။ ကောင်မလေးတွေ ဆိုတာကို။

ဖြေ။ ။ သူတို့ ဟိုဟာလုပ်တာပေါ့။ ခြေတော်တင်တာပေါ့။ အဲ့ဒါတွေက ကျနော်တို့က အထောက်အထားမရှိဘဲ ပြောနေတာမဟုတ်ဘူး။ သူတို့အဲ့ဒီလိုလုပ်တယ်ဆိုတာကို မျက်မြင်သက်သေ မွတ်စလင် အဲ့ဒီမှာ ကူးတို့တိုက်နေ တဲ့အဖွဲ့တွေက ပြောပြတာ။ ဒီဗွီဒီယိုတောင် ကျနော့်ရဲ့ တွဒ်တာမှာ ချိတ်ထားတာရှိသေးတယ်။ သူတို့ ညဆိုရင် ခေါ်သွား တယ်။ မနက်မိုးလင်းရင် ပြန်ပို့လာတယ်။ အုပ်စုလိုက်ပဲ။ ဒီမုဒိန်းမှုတွေက သူတို့ဘာသူတို့လုပ်နေကြတဲ့ကိစ္စတွေ။

ကျနော်တို့က အဲ့ဒီနေ့မှာ ခုနပြောသလိုမျိုး သူတို့က အရမ်းအရေးကြီးတဲ့ ပွိုင့်တွေရှိတယ်။ CNN ကလည်း အဖွားကြီး တယောက်ကို မုဒိန်းကျင့်ပါတယ်ဆိုပြီးမှ စွပ်စွဲတဲ့ဟာတွေရှိတယ်။ ပြီးမှ နောက် RSO နဲ့ ဆက်စပ်တဲ့မိသားစုပဲဖြစ်မယ်။ သမီးလေးကို ဘေးမှာထားပြီးမှ ဘေးက မိန်းကလေးတယောက်ကို ကျနော်တို့က အုပ်စုလိုက်မုဒိန်းကျင့်တယ်။ ပြီးမှ နို့တွေကို ဖြတ်လိုက်တယ်ဆိုတဲ့ဟာမျိုး။ အဲ့ဒီနေရာမှာ ၂ နာရီနေခဲ့တယ်ပေါ့။ အဲ့ဒီ ၂ နာရီနေခဲ့ရင် သူဘယ်လိုလုပ်ပြီးမှ လွတ်မှာလဲ။ တကယ်လို့များ အဲ့ဒီလူရှိခဲ့ရင် ဒီ ၂ ခုလုံးပေါ့နော်။ ဒီအခုပြောနေတဲ့ နှစ်ဖွဲ့လုံးကို ကျနော်တို့တွေ့ချင်တယ်။

တွေ့ပြီးမှ သူ့ကို သေချာ သိပ္ပံနည်းအရ ကျန်းမာရေးစစ်တာကိုလည်း လုပ်မယ်။ ပြီးမှ ဒီ ကျနော်တို့ ဒီအမှုကိုလည်း နိုင်ငံတကာ ပါတနာတွေနဲ့ စစ်မယ်။ ကျနော်တို့လူမှားရင် ကျနော်တို့လူကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်ပေးမယ်။ ဒါက မဟုတ်မဟက် လိမ်လည်မှုဆိုရင်လည်း သူ့ဘက်က တာဝန်ခံမှုရှိရမယ်ပေါ့။ ကျနော်တို့ကတော့ အဲ့လိုဖြေရှင်းဖို့ အဆင်သင့်ပဲ စိန်ခေါ်ပါတယ်။

မေး ။ AA ထဲမှာရော Code of Conduct ကျင့်ဝတ်နဲ့ ပတ်သက်ပြီး Accusation တွေ ရှိနေတယ်။ Legation

Allegation တွေရှိနေတယ်။ မုဒိန်းကိစ္စတွေ၊ မုဒိန်းမှုတွေပြောနေတယ်။ Civilian တွေကို သတ်တယ်ဆိုပြီး စွပ်စွဲမှု တွေရှိနေတာ တွေ့ရတယ်။ အဲ့ဒီ စွပ်စွဲမှုတွေကလည်း အပြင်ကလာနေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေနဲ့ ပတ်သက်လာရင် ရော AA ထဲမှာ ဗိုလ်ချုပ်လို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လို Code of Conduct တွေ ဘယ်လိုစည်းကမ်း တွေ၊ စစ်စည်းကမ်းတွေ သတ်မှတ်ထားလဲ။ ဘယ်လို အပြစ်ပေးမှုတွေရှိသလဲ ရှင်းပြပါအုံး။

ဖြေ။ ။ ကျနော်တို့ကတော့ ဒီ အာရက္ခတပ်တော်ကို စဖွဲ့ကတည်းက ပြည်သူကို သတ်ဖြတ်မှု၊ မုဒိန်းမှုတွေ ရှိမယ် ဆိုရင် သေဒဏ်ဆိုတာ ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားပြီးသားပါ။ ဒါကြောင့် ကျနော်တို့မှာ အဲ့ဒီပြစ်မှုတွေ နည်း တယ်။ အဲ့ဒီပြစ်မှုတွေ ရှိခဲ့ဖူးလားဆိုရင် ရှိတယ်။ ရှိရင်လည်း ပြောထားတဲ့အတိုင်းပဲ ပြင်းပြင်းထန်ထန်အရေးယူတယ်။ ဒီလိုပဲ မဟာမိတ်နယ်မြေတွေမှာ မြန်မာနိုင်ငံ တနံတလျားပေါ့။ အာရက္ခတပ်တော် မလှုပ်ရှားတဲ့နေရာ မရှိသလောက် ပဲ။ ကရင်ပြည်ကနေ ချင်းပြည်၊ စစ်ကိုင်း၊ မကွေး၊ တောက်လျှောက်ပါပဲ။ အဲ့ဒီမှာ တခါတလေ ပြဿနာတက်ဖူးတယ်။ ပြဿနာတက်ရင်လည်း ကျနော်တို့ ပြင်းထန်သော အရေးယူမှုတွေနဲ့ပဲ ကျနော်တို့ ဒါကို ထိန်းကျောင်းတယ်။

ရခိုင်ဘက်မှာဆိုရင်လည်း ပိုပြီး သတိထားတယ်။ ရခိုင်ဘက်မှာ ကျနော်တို့ မွတ်စလင်အသိုင်းအဝိုင်းနဲ့ မုဒိန်းမှု ၂ ခါဖြစ် ဖူးတယ်။ ၂ ခါလုံးကိုပဲ သေဒဏ်တော့ မကျဘူး။ သေဒဏ်မကျတာကလည်းပဲ ရခိုင်ဘက်မှကျတော့ တရားရုံးတွေ ထူ ထောင်လာခဲ့ပြီ။ တရားရုံးတွေထူထောင်လာခဲ့ပြီဆိုတော့ စစ်တရားရုံးက ဒီလိုမျိုး ပစ်သတ်လိုက်တယ်ဆိုတာထက် သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့ပုံစံနဲ့ ဖြစ်ခဲ့တဲ့ အနေအထားတွေကို ဥပဒေကြောင်းအရ သေချာစစ်ဆေးတဲ့အချိန်မှာ သူ့ကို သေဒဏ်ပေးဖို့တော့မလိုဘူး။

သေဒဏ်နဲ့ ထိုက်တန်တဲ့ ထောင်ဒဏ် နှစ် ၂၀၊ ပြီးတော့ သူ့ကိုပဲ ဒီကျူးလွန်ခဲ့တဲ့ မိသားစုနဲ့ ရွာသားတွေရှေ့မှာ ပြင်းထန် တဲ့ ကြိမ်ဒဏ်ပေါ့။ အချက် ၃၀ တကယ်ပြင်းထန်တဲ့ ကြိမ်ဒဏ်နော်။ ဒါ တုတ်နဲ့ ဆရာမ ရိုက်တာမျိုး မဟုတ်ဘူး။ ၁ ချက် ဆိုရင်တောင် နေလို့မရဘူး။ ဒါမျိုးကို ၃၀ ရိုက်ပြီးမှ ရွာသားတွေကို လျော်ကြေးလည်း ပေးတယ်။ တောင်းလည်း တောင်းပန် တယ်။ ကြိမ်ဒဏ်လည်း ရိုက်တယ်။ ပြီးရင် ထောင်ချတယ်။ ဒါမျိုး ၂ ခါအရေးယူဖူးတယ်။

နောက်ရှိရင်လည်း ယူနေအုံးမှာပဲ။ ဒီထက်ပိုပြီး ဒါပြစ်မှုကျူးလွန်တဲ့ပုံစံပေါ်မူတည်ပြီးမှ ပြစ်ဒဏ်ကရှိနေမှာပဲ။ ဒါကတော့ ကျနော်တို့ ပွင့်လင်းမြင်သာမှုရှိအောင် အရေးယူခဲ့တာလည်း ရှိပါတယ်။ ကျန်တဲ့ အမှုတွေလည်း ပိုပြီးမှ ဂရုစိုက်တယ်။ အထူးသဖြင့် ဘာသာရေး လူမျိုးရေးနဲ့ ဖြစ်လာရင် ကျနော်တို့ နိုင်ငံရေး ဗွီးရှင်း တွေကိုလည်း ထိခိုက်မှုမရှိအောင် ပူးပေါင်းဆောင်ရွက်တဲ့ဟာ အများကြီးရှိပါတယ်။

မေး။ ။ ပြောသွားတဲ့ထဲမှာ Divide and Rule အားလုံးကို ဘာသာရေး လူမျိုးရေးတွေကို အဓိကအမြဲတမ်း နောက် ကွယ်က လက်မဲကြီးဆိုတာနဲ့ နောက်ဆုံးတော့ မြန်မာစစ်တပ်ပဲ ဖြစ်နေတာကို ကျနော်တို့ တွေ့ နေရတယ်။ သူကပဲ Manipulate တွေလုပ်တယ်။ လူမျိုးစုတွေ တိုင်းရင်းသားအုပ်စုတွေကို သူပဲ Divide and Rule ဆိုပြီး အသုံးချခဲ့ တာ တွေ့ရတယ်။ တဖြေးဖြေးနဲ့ AA ဟာ Defecto ဖြစ်လာပြီ AA ဟာ ရခိုင်ပြည်နယ်မှာ အာဏာပိုင်ဖြစ်လာပြီလို့ ကျနော်တို့ ပြောလို့ရပါတယ်။ အဲ့လိုကာလမှာ ရိုဟင်ဂျာကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောဆိုတွေ့ဆုံတာတွေ ရှိခဲ့ ဖူးသလား။ အဲ့လိုမျိုးလုပ်ဖို့အစီအစဉ်တွေ ရှိလားဆိုတာ ကျနော် သိချင်ပါတယ်။

ဖြေ။ ။ သူ့တို့ကို ULA တခုလုံးအနေနဲ့ စုစည်းထားတဲ့ diaspora စုထားတဲ့ ပုံစံမျိုးတော့ ကျနော်တို့ မပြောဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူ့မှာလည်း စုထားတဲ့ အုပ်စုတွေက ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ပြီးမှ အမျိုးမျိုးပဲဖြစ်တယ်။ ကျနော်တို့ အခုနောက်ပိုင်း အဓိက အာရုံစိုက်တာက ပြည်တွင်းထဲမှာ တကယ့်တကယ် နေထိုင်နေတဲ့ လူတွေကို ပိုပြီး ဂရုစိုက်တယ်။ အဲ့ဒီထဲမှာရှိနေတဲ့ လူကြီးတွေ၊ လူလတ်ပိုင်းတွေ သူတို့နဲ့ အုပ်ချုပ်ရေးဆိုင်ရာနဲ့ တခြားပြည်သူ့ရေးရာ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ခြင်းက ပိုပြီး လက်တွေ့ကျတယ်။

ဒုတိယအဆင့်အနေနဲ့ ဒုက္ခသည်စခန်းက လူပုဂ္ဂိုလ်တွေပေါ့။ အဲ့ဒီလူပုဂ္ဂိုလ်တွေဆီက Grassroot Level တွေရဲ့ အသံ တွေကို နားထောင်တဲ့ဟာတွေကို ကျနော်တို့ အခါအားလျော်စွာ လုပ်ခဲ့တယ်။ အခုနောက်ပိုင်းတော့ ကျနော်တို့တော့ နည်းနည်းရပ်နေတာတော့ သဘောရှိတယ်။ ဒီဒုက္ခသည်စခန်းဆိုရင်လည်းပဲ ကျနော်တို့ ခွဲခြားပြီးမှ မြင်ဖို့လိုတဲ့ ဟာတွေလည်း အများကြီးရှိပါတယ်။

ဥပမာ ဂျီနိုဆိုဒ် ၇ နှစ်ပြည့် လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က သူတို့ လုပ်ခဲ့ပါတယ်။ အဲ့ဒီနေ့အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ကျနော်တို့ တောက်လျှောက် စောင့်ကြည့်တာပေါ့။ ဒီအချိန်မှာ တကယ့် ဒုက္ခသည်စခန်းမှာ လူပင်လယ်အုပ်ကြီးကို စကားပြောတဲ့ဟာတွေပေါ့၊ မိန့်ခွန်းပြောတဲ့ဟာတွေ အဲ့ဒီမှာ ကြွေးကြော်သံတွေ၊ အဲ့ဒီမှာ ကျနော်တို့ကတော့ ဒါ repatriation ကိစ္စတို့၊ လူမျိုးချင်းဆိုင်ရာ ချစ်ခင်စည်းလုံးမှု ကိစ္စတွေကို စဉ်းစားနေတဲ့အချိန်မှာ သူတို့ ကြွေးကြော်နေ တာက AA ကို ချပစ်လိုက်မယ်ပေါ့။ ရခိုင်တွေ မော်ဂေးတွေပေါ့ဗျာ။ မော်ဂေးဆိုတာတော့ ကျနော်တို့က သူတို့ကို ကုလားလို့ခေါ်သလိုမျိုး၊ သူတို့ကလည်း မော်ဂေးပေါ့။ မော်ဂေးဆိုတာ ပင်လယ်ဓါးပြတွေပေါ့။

မော်ဂေးတွေကို အကုန်လုံး ဖျက်ဆီးပစ်လိုက်မယ် ဆိုပြီးတော့ လူပင်လယ်ကြီးက ဒေါနဲ့မောနဲ့ ကြွေးကြော်နေတာ ကြည့်ပြီးမှ ကျနော်လည်း တော်တော် မေတ္တာတရားတွေ ပွားများမိလာတာပေါ့။ ဟုတ်ကဲ့။ မင်းတို့ ငြိမ်းငြိမ်း ချမ်းချမ်းပဲ လာခဲ့ကြပါပေါ့။ ငါတို့လည်း ဖိတ်ခေါ်နေမှာပေါ့။ အဲ့လိုမျိုး ပြောရမလိုဖြစ်နေတယ်။ ဒီလူအုပ်ကြီးက အဲ့ဒီ ကြွေးကြော်သံ တွေနဲ့ ဝင်လာခဲ့ရင် မြန်မာပြည်က တခြားတိုင်းရင်းသား ညီအစ်ကိုတွေကလည်း ငါတို့ရဲ့ ဒီနိုင်ငံပေါ်မှာ သစ္စာရှိတဲ့ နိုင်ငံ သားကောင်းတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လာခဲ့ကြမှာပဲ။ ငါတို့ ကြိုဆိုရမှာပဲလို့ မေတ္တာပွားမိမှာပဲ။ ကျနော်နဲ့ ထပ်တူ ပွားများနေကြမလားလို့ ကျနော် စဉ်းစားမိတယ်။

ဒီနယ်စပ်မှာကျတော့ အမျိုးမျိုးဖြစ်နေတော့ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပြီးမှ မြင်ဖို့လိုတယ်။ ဒီဟာတွေ ရှိနေလို့ မဆွေးနွေးတော့ဘူးလား။ မပူးပေါင်းဆောင်ရွက်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကျနော်တို့ ပူးပေါင်းလို့ ရတဲ့လူ အကုန်လုံးနဲ့ ပူးပေါင်းမယ်။ ကူညီသင့်တဲ့လူတွေ၊ လက်ခံသင့်တဲ့လူတွေ အကုန်လုံး လက်ခံမယ်။

https://www.facebook.com/theirrawaddyburmese/posts/943587504481104

Leave a Reply

Your email address will not be published.