ANP ဗဟိုရုံး လုံခြုံရေးတပ်ဖွဲ့များ ဖျက်ဆီးခြင်းမှာ မဟုတ်ဟု ပြော

By CNI / 2024 September 23

·ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီဗဟိုရုံး ဖျက်ဆီးခံရမှုမှာ မဟုတ်ကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၏ စစ်ရေးအခြေအနေအရ ANP ပါတီမှ တာဝန်ရှိသူများမှာ နေရာအနှံ့အပြားကို ရောက်ရှိသွားပြီး ပါတီရုံးကို ဂရုမစိုက်နိုင်တော့ကြောင်း၊ ထို့နောက် မိမိတို့ ပါတီရုံးရှိ ပစ္စည်းများကို အချို့သူများက ယူဆောင်သွား သလို ညအချိန် ဝင်ရောက်ခိုအောင်းမှုများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

https://www.facebook.com/watch/?v=545435557961420

Leave a Reply

Your email address will not be published.