AAရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကိုခံနေရတဲ့ မောင်တော နခခ(၅)ကို စစ်‌ကောင်စီက လေထီးတွေနဲ့ လက်နက်၊ ရိက္ခာတွေဆက်လက်ချပေးပြန် 

By Narinjara / 2024 September 29

တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့ အမှတ်(၅)နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၅)ကို စက်တင်ဘာလ ၂၈ ရက် ဒီကနေ့ ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီက Y-12 လေယာဉ်ပေါ်ကနေ လေထီးတွေနဲ့ လက်နက်နဲ့ စားနပ်ရိက္ခာ‌အထုပ်တွေကို ထပ်မံပြီးချပေး‌ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ” ဒီနေ့ ညနေ ၃ နာရီလောက်မှာ နခခ(၅)ကို စစ်ကောင်စီကလက်နက်နဲ့စားနပ်ရိက္ခာတွေ Y-12 လေယာဉ်ကနေ လေထီးတွေ နဲ့ ချပေးနေတာတွေ့ရတယ်။ အထုပ်တွေလာကောက်တဲ့ စစ်သားတွေကို အေအေက ပစ်ခတ်တာတွေရှိတယ်။ တပ်ရင်းခြံစည်းရိုးတစ်ဖက်ကိုကျသွားတဲ့ အထုပ်တွေလည်းရှိတယ်။ နခခ(၅)ကို AA က လက်နက်ကြီးနဲ့ပစ်ပြီး တိုက်‌‌နေတယ်။ မြေပြင် တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ အဆက် မပြတ် ကြားနေရတယ်။” လေထီးဖြင့် တစ်ကြိမ်ချလျှင် ၂ထုပ်စီချပေးပြီး အကြိမ် ၁၀ ခန့် ပျံဝဲကာချပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီစခန်းဟာ ကုန်လမ်း၊ ရေလမ်းအကုန်လုံး ဝင်ထွက်လမ်းတွေကို AA က ပိတ်ဆို့ထားတဲ့အတွက် တစ်ခုတည်းသော လေကြောင်းကနေ အခုလို ရိက္ခာတွေ၊ လက်နက်တွေကို ထောက်ပံ့နေရတာဖြစ်ပါတယ်။လက်ရှိ နခခ(၅)စခန်းတွင်းကို AAက အမြောက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြေပြင်ကလည်း အနီးကပ်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း အဲဒီစခန်းမကျစေဖို့ လေကြောင်းကနေ အသည်းအသန် ခုခံကာကွယ်နေတယ်လို့ သိရပါတယ်။

https://www.facebook.com/watch/?v=1741687119931092

Leave a Reply

Your email address will not be published.