အာရက္ခပြည်အတွင်းက အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်း ထူးခြားချက်

By DMG / 2024 September 29

အာရက္ခပြည်အတွင်းက အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် ဈေးနှုန်းတွေထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်နဲ့ (92) ဓာတ်ဆီ ဈေးနှုန်းတွေဟာ အခုစက်တင်ဘာလ နောက်ဆုံးအပတ်မှာ အနည်းငယ်ကျဆင်းနေတာကို တွေ့ရပါတယ်။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့အပတ်ကထက် ၃,၀၀၀ ကျပ် ကျဆင်းသွားပါတယ်။ ဒေသထွက် ငရုတ်သီးခြောက်ဈေးနှုန်းက ၅,၀၀၀ ကျပ် ကျဆင်းနေပြီး ဓာတ်ဆီ (92) ဈေးနှုန်းမှာ ၁,၀၀၀ ကျပ် ကျဆင်းခဲ့တာပါ။
ဒီအပတ်ထူးထူးခြားခြား ကျဆင်းသွားတာကတော့ ကွမ်းရွက်ဈေးနှုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကွမ်းရွက်တစ်ပိဿာကို ၈၇,၀၀၀ ကျပ်ရှိခဲ့ရာကနေ အခုအပတ်ထဲမှာ ၆၀,၀၀၀ ကျပ်ထိ ဈေးထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ထက် မြင့်တက်သွားတဲ့ဈေးနှုန်းတွေကတော့ ကောက်ညှင်းဆန်၊ ငရုပ်သီးအစိမ်း၊ ကွမ်းသီး၊ ကြက်သား၊ အိန္ဒိယ ဓာတ်ဆီဈေးနှုန်းတွေ ဖြစ်ပါတယ်။
ကောက်ညှင်းဆန် ရှာမရတဲ့အတွက် ပြီးခဲ့တဲ့အပတ်က ကောက်ညှင်းဆန်တစ်အိတ်ကို ၁၄၀,၀၀၀ ကျပ် ရှိခဲ့ရာက‌နေ အခုအပတ်မှာ ၁၇၀,၀၀၀ ကျပ်ထိ ထိုးတက်သွားခဲ့ပါတယ်။
ငရုပ်သီးအစိမ်းဈေးနှုန်းဟာ ပြီးခဲ့တဲ့အပတ်က သိသိသာသာကျင်းဆင်းခဲ့ပြီး ၁ ပိဿာ ၂၇,၀၀၀ ကျပ်ရှိခဲ့ရာကနေ အခုအပတ်ထဲမှာ ၃၅,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့ပါတယ်။
ကြက်သားဈေးနှုန်း ပြီးခဲ့တဲ့အပတ်က တစ်ပိဿာ ၃၅,၀၀၀ ကျပ်ကနေ‌ အခုအပတ်မှာ ၅၀,၀၀၀ ကျပ်ထိ ပြန်လည်မြင့်တက်လာပါတယ်။
ကွမ်းသီးဈေးနှုန်းကတော့ ၁ ပိဿာ ၁၅,၀၀၀ ကျပ်ကနေ ၁၈,၀၀၀ ကျပ်ထိ မြင့်တက်သွားသလို အိန္ဒိယ ဓာတ်ဆီဈေးနှုန်းကတော့ တစ်လီတာ ၉,၅၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ် မြင့်တက်နေတာဖြစ်ပါတယ်။
အခုဖော်ပြတဲ့ အခြေခံလူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေဟာ ရခိုင်ပြည်မြောက်ပိုင်းဈေးကွက်ကို အခြေခံဖော်ပြထားတာဖြစ်ပြီးတော့ မြို့နယ်အလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားတာတွေတော့ ရှိနိုင်ပါတယ်။

https://www.facebook.com/dmgnewsagency/posts/929076679265929

Leave a Reply

Your email address will not be published.