အလှအပဖန်တီးခွင့်ရဖို့ မျှော်လင့်နေသူတွေ (ရုပ်သံ)

By DMG / 2024 September 19

နေ့လည် နေခင်းအချိန်မှာ လူတကာကြိုက်သစ်သက်ကြတဲ့ အစားအစာ သင်္ဘောသီးသုတ်ရောင်းဖို့အတွက် ကြိုတင်ပြင်ဆင်နေသူကတော့ အသက်၂၉ နှစ်အရွယ် မာရီယာ ဖြစ်ပါတယ်။
သူမဟာ မြောက်ဦးမြို့ ဇာတိဖြစ်ပြီးတော့ အရင်ကာလက လူတာကာကို လှပကြည့်ကောင်းစေတဲ့ မိတ်ကပ် အနုပညာနဲ့ အလှအပဖန်တီးပြီး သက်မွေးကျောင်းလုပ်ခဲ့သူပါ။ လက်ရှိမှာတော့ မိတ်ကပ်နဲ့ အလှပြင်ဆိုင် လုပ်ငန်းတွေဟာ ရပ်နားထားရတာကြောင့် သင်္ဘောသီးသုတ်ရောင်းတဲ့ ဈေးသည်တစ်ဦး ဖြစ်နေတာပါ။
တတိယအကြိမ် ရခိုင် တကျော့ပြန်တိုက်ပွဲတွေ မဖြစ်ခင်အချိန်က မာရီယာဟာ မြောက်ဦးမြို့မှာ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး မိတ်ကပ်၊ ဆံပင်ညှပ် စတဲ့အလှပြင်လုပ်ငန်းမှာ ပျော်နေခဲ့သူပါ။ ဒီကနေ့မှာတော့ ဒေသခံအများစုဟာ စစ်ရေးပဋိပက္ခကြား စစ်ဘေးရှောင်နေကြရတာ၊ အသက်လု ထွက်ပြေးနေရတာကြောင့် အလှဆိုင်တွေလည်း ပိတ်သိမ်းလိုက်ရပါတယ်။
မာရီယာလိုပဲ အရင်တုန်းက မိတ်ကပ်၊ အလှပြင် လုပ်ငန်းနဲ့ အသက်မွေးခဲ့ပေမယ့် ဒီကနေ့မှာတော့ ဒီအလုပ်ကို ရပ်နားပြီး ကြုံရာကျပန်း အလုပ်ပြောင်းလုပ်ကိုင်နေရသူတွေလည်း ရခိုင်ပြည်မှာ အများအပြားရှိနေပါသေးတယ်။

https://www.facebook.com/watch/?v=1041614867421267

Leave a Reply

Your email address will not be published.