ရာဇဝတ်မှုတွေ နှုတ်ပိတ်ဖို့ စစ်တပ်ကဗုံးကြဲတာလို့ AA ပြော (ရုပ်/သံ)

By Irrwaddy / 2024 September  11

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ် ရှင်ရွာနဲ့ မောင်တောမြို့နယ်ထဲက လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီဘက်က စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်လို့ သေဆုံးသွားသူတွေထဲ AA က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဘက်က အရာရှိကြီးတွေပါဝင်ကြပါတယ်။သေဆုံးသွားတဲ့အရာရှိကြီးတွေထဲ ဘယ်ရာထူးအဆင့်တွေပါဝင်လဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် သူတို့တွေဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကိုသိရှိသူတွေဖြစ်တယ်လို့ AA ကနေသိရှိရပါတယ်။စစ်ကောင်စီဘက်က ဖမ်းဆီးရမိတဲ့ အရာရှိကြီးတွေအပြင် ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီနဲ့ပူးပေါင်းလို့ AA ဘက်ကစစ်ဆေးနေသူတွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဆက်စပ်သူတွေ နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအပါအဝင် အဲဒီလူတွေကို ဆေးကုသမှုပေးနေတဲ့ AA ရဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံအရပ်သားအချို့လည်းပါဝင်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့မြို့တွေကိုပြန်လည်ရရှိဖို့ တန်ပြန်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောပြီးနောက်ပိုင်း စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့မြို့တွေနဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေဒီရက်ပိုင်းတွင်း ခပ်စိပ်စိပ်လုပ်လာတာဖြစ်ပါတယ်။

https://www.facebook.com/theirrawaddyburmese/posts/935508628622325

Leave a Reply

Your email address will not be published.