ရခိုင်ဟာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဒဏ်ကို အလူးအလဲ အခံရဆုံးပြည်နယ်တစ်ခု(ရုပ်/သံ)

By Narinjara / 2024 September 27

ရခိုင်ပြည်နဲ့ ရခိုင်လူထုဟာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်မှုဒဏ်ကို အလူးအလဲ အခံရဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ဒီနေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာလည်း နောက်ဆုံးအောင်ပွဲအတွက် စိတ်ဓာတ်နဲ့ ခံနိုင်ရည်ကို စမ်းသပ်နေတာဖြစ်တယ်လို့မြန်မာ နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
အမေရိကန်တို့ကို ဗီယက်နမ်တို့က နိုင်ခဲ့တာကို ကြည့်မယ်ဆိုရင်လည်း ဘယ်လောက်ပဲ အင်အားသာပါစေ စိတ်ဓာတ်မှာ ပိုအရေးကြီးတယ်လို့ သူပြောပါတယ်။
” ကျွန်တော်တို့ ရခိုင်ပြည်သူတွေကိုပြောချင်တာ တောင့်ထားပါ။ ခင်ဗျားတို့နိုင်မှာပါလို့ပြောချင်တယ်” လို့လည်း ပြောဆိုသွားပါတယ်။

https://www.facebook.com/narinjara.info/videos/544868671448451/

Leave a Reply

Your email address will not be published.