ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင် ၆ သောင်းခန့်ရှိပြီးတော့ ပုဏ္ဏားကျွန်းမြို့အပါအဝင် စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့က နေရပ်စွန့်ခွာ တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

By DMG / 2024 September 26

စစ်ဘေးရှောင်အများစုဟာ မျှစ်ချိုး၊ ထင်းခုတ်၊ ကုန်ပစ္စည်းသယ်ယူ စတဲ့ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်စားသောက်နေကြပြီး လူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးနေပေမယ့် စစ်ဘေးရှောင်လူဦးရေ များလွန်းလို့ လိုက်မမှီဘူးလို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က ပြောပါတယ်။ကျန်းမာရေးကဏ္ဍမှာလည်း စစ်ဘေးရှောင်လူဦးရေ တစ်ထောင်ကျော်မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ချောင်းဆိုး၊ ဖျားနာ စတဲ့ရောဂါတွေလည်းဖြစ်နေတဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိတယ်လို့ ကိုပြည်ဖြိုးနိုင်က ဆိုပါတယ်။စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး ဥက္ကဌ ကိုပြည့်ဖြိုးနိုင်ကို DMG က တွေ့ဆုံမေးမြန်းထားပါတယ်။

https://www.facebook.com/watch/?v=556492380150981

Leave a Reply

Your email address will not be published.