“ငါတို့ကလူဖမ်းဖို့လာတာမဟုတ်ဘူး။ စစ်တိုက်ဖို့လာတာ။ လူသတ်ဖို့လာတာ။”

By Narinjara / 2024 September 17

၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်က မောင်တောမြို့ပေါ်ကနေ ရွှေရောင်းပြီး ပြန်လာတဲ့ လူနည်းစု မြိုတိုင်းရင်သား ၂ ယောက်နဲ့ သုံးဘီးမောင်းသူတို့ကို မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်မှာရှိတဲ့ နခခ (၅) စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူ မြိုတိုင်းရင်းသား ၃ ယောက်ကတော့ ကိုင်းကြီး (မြို)ကျေးရွာက သုံးဘီးမောင်းသူ ဦးနိုင်ဝင်း (၃၉) နှစ် (ဘ)ဦးတောင်ခွေး၊ လောင်ဒုံကျေးရွာက ကိုမန်ပိုင် (၂၅) နှစ် (ဘ) ဦးမန်တုန်းနဲ့ ခုံတိုင်ကျေးရွာမှ ကိုရှင်စိန် (၂၆) နှစ် (ဘ) ဦးလိုက်တွေးတို့ဖြစ်ကြပါတယ်။
သုံးဘီးဆရာအပါအဝင် မြိုလူမျိုး ၃ ယောက်ကို မောင်တောမြို့မှာ ရွှေရောင်းချခဲ့တဲ့ ငွေကျပ်သိန်း (၁၈၀)နဲ့အတူ နခခ(၅)ဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ငွေတွေနဲ့အတူ လူတွေပါ အစဖျောက်ခံလိုက်ရပြီလို့လည်း ပတ်ဝန်းကျင်မှာ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီလိုသတင်းတွေကြောင့် ဖမ်းဆီးခံရတဲ့သူတွေရဲ့ မိသားစုတွေဟာ ဖမ်းဆီးခံရပြီး ရက်အနည်းငယ် အကြာမှာ နခခ (၅)ဆီသွားရောက်စုံစမ်းခဲ့ပါတယ်။
အဲလိုစုံစမ်းတော့ နခခ (၅)က စစ်သားတွေက “ငါတို့က လူဖမ်းဖို့လာတာ မဟုတ်ဘူး။ စစ်တိုက်ဖို့လာတာ။ လူသတ်ဖို့လာတာ။ ငါတို့ဆီမှာ ဖမ်းထားတာမရှိဘူး”လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သုံးဘီးဆရာရဲ့ ညီမဖြစ်တဲ့ မြိုတိုင်းရင်းသူက နိရဉ္စရာသတင်းဌာနကို ပြောပြပါတယ်။

https://www.facebook.com/watch/?v=1803696893372049

Leave a Reply

Your email address will not be published.