By DMG / 2024 September 20
ရခိုင်ပြည်အတွင်း ကုလားတန်မြစ်အထက်ပိုင်းက ကျေးရွာတွေမှာ ခြင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းတွေ မြင့်တက်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရေးကာလအတွင်းက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးတော့ ကျေးရွာတွေကို မစောင့်ရှောက်နိုင်တာကြောင့် ခြုံနွယ်ပိတ်ပေါင်းတွေထူထပ်ကာ လက်ရှိဒေသခံတွေ ပြန်လည်နေထိုင်ရာမှာ ခြင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ အဖြစ်များလာနေတာပါ။
ရခိုင်ပြည်ကို စစ်ကောင်စီက ဆေးဝါးတွေဖြတ်တောက်ထားတာကြောင့် ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းက ကျေးရွာတွေမှာ ခြင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဖြစ်ပြီးဒေသခံတွေ အသက်သေဆုံးတာတွေအထိ ရှိလာနေတာလည်းဖြစ်ပါတယ်။