(လက်နက်နဲ့ ရိက္ခာတင်ပို့နေတဲ့ မောင်တော POE ဆိပ်ကမ်းတိုက်ပွဲအတွင်း နယ်ခြားစောင့်အရာရှိ တစ်ဦးအပါ အဝင်လေးဦးကျဆုံးခဲ့ဟုဆို)
By Narinjara / 2024 August 4
စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည့် ကြားက သြဂုတ်လ ၃ ရက် နေ့လယ်ပိုင်းတွင် ရွှေဇားတံတားရှိ စစ်ကောင်စီစခန်းအား AA သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်လျှက်ရှိနေသည်။
ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာ၌ အိမ်စောင့်ကျန်နေတဲ့ ဒေသခံမွတ်ဆလင်တစ်ဦးက “ရွှေဇား တံတားထိပ်ကနယ်ခြားစောင့်စခန်းကို ဩဂုတ်လ ၃ ရက် မနက်ကတည်းက အေအေ ဖက်က ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကြဲချတိုက်နေတာ။ နယ်ခြားစောင့် တွေကလက်နယ်ငယ်တွေနဲ့ ဒရုန်းတွေကို ပစ်ကြတယ်။ မွန်းတည်းပိုင်းမှာ ရွှေဇားတံတားစခန်းကိုAAကသိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်နေတယ်။ တံတားကိုဘယ်သူမှဖြတ်သန်းသွားလာလို့မရတော့ အတိအကျမ ပြောနိုင်သေးဘူး။ ဒါပေမယ့် ညနေပိုင်းမှာပစ်ခတ်သံတွေမကြားရတောဘူးငြိမ်သက်နေတယ်”ဟု ပြောကြားသည်။
ရွှေဇားတံတားရှိစစ်ကောင်စီစခန်းအား အာရက္ခတပ်တော်မှ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒရုန်းများဖြင့်ပါ ဗုံးချတိုက်ခိုက်နေသဖြင့် နယ်ခြားစောင့်များနှင့် မွတ်ဆလင် စစ်သားများမှာ ညအချိန်၌ စခန်းအတွင်း မနေရဲကြတောဘဲ့ မြို့တွင်းဘက် တံတားအနီးရှိ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်များ၌ တပ်ဆုတ် စခန်းချနေထိုင်နေကြကြောင်းမျက်မြင်ဒေသခံများထံမှသိရသည်
ရွှေဇားတံတားရှိစစ်ကောင်စီစခန်းအား AA သိမ်းပိုက်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
စစ်ကောင်စီက လက်နက်နှင့် ရိက္ခာတင်ပို့နေသည့် မောင်တောမြို့ ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကို အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါ တိုက်ပွဲတွင် နယ်ခြားစောင့်အရာရှိ (၁) ဦးအပါအဝင် စစ်ကောင်စီတပ်သား (၄) ဦးနှင့် အာဆာတပ်ဖွဲ့ဝင် အများအပြား ကျဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ နေ့၌ မောင်တောဘုတ်ဆိပ် POEဝင်/ထွက်စခန်းအား အာရက္ခတပ်တော်မှ ပြင်းထန်သည့် ထိုးစစ်ဆင်ပြီး ဒရုန်းများ၊ စနိုက် ဘာများဖြင့်ပါ တိုက်ခိုက်မူကြောင့် နယ်ခြားစောင့် အရာရှိ(၁) ဦး နှဖူး၌ စနိုက်ဘာထိမှန် ကျဆုံးခဲ့ရပြီး နယ်ခြားစောင့်(၄)ဦးနှင့် မွတ်ဆလင် စစ်သားအများအပြား ကျဆုံးခဲ့ရကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောဆိုသည်။
“POE က နယ်ခြားစောင့်အရာရှိကနဖူးမှာ စနိုက် ဘာထိပြီးကျဆုံးတာ။ကျန်နယ်ခြားစောင့် ၃ ဦး နဲ့ မွတ်ဆလင်စစ်သားအများအပြားက ဒရုန်းဗုံးထိမှန်ပြီးကျဆုံးသွားခဲ့ကြရတာ။ အရာရှိကိုတော့ ကျကျနန သဂြိုလ်ပေးနိုင်ခဲ့တယ်။ နာမည်နဲ့ရာထူးတော့ မသိဘူး ” ဟု ပြောဆိုသည်။
စစ်ကောင်စီမှာရေကြောင်းအားအသုံးပြုပြီးဇူလိုင်လ ၁၇ ရက်နေ့၌လည်းမောင်တောဘုတ် ဆိပ် POE ဝင်/ထွက်စခန်းမှ လက်နက်၊ ခဲယမ်းရိက္ခာများအား တေဘာကား(၈) စီးဖြင့်တင် ဆောင် နေကြစဉ် AA ဖက်မှဒရုန်းများဖြင့်ဗုံးချတိုက်ခိုက်တာကြောင့် နယ်ခြားစောင့်(၂)ဦး ကျဆုံးခဲ့ရပြီးအလုပ်သမား(၇)ဦးဒဏ်ရာရရှိခဲ့ရသည်။
ထိုသို့ AA၏ပြင်းထန်တဲ့ထိုးစစ်များကြောင့် မောင်တောဘုတ်ဆိပ်ဘုတ်ဆိပ်POE ဝင်/ထွက်စခန်းမှ နယ်ခြားစောင့်များ နှင့် မွတ်ဆလင်စစ်သားများမှာညအချိန်၌ စခန်းအတွင်း မနေရဲကြတော့ဘဲ နယ်ခြားစောင့်များမှာ ရွှေအိုးတည်းခိုခန်း၌ စခန်းချအိပ်ကြပြီး။ မွတ်ဆလင်စစ်သားများမှာ အကောက်အခွန် ရုံးနှင့်မူလွန်စာသင်ကျောင်းများ၌ စခန်းချနေထိုင်နေကြကြောင်း ထိုအနီးရှိ ဒေသခံများထံမှသိရသည်။