By Border News Agency / 2024 August 9
မောင်တောမြို့ပေါ်မှာ စစ်ကောင်စီတပ်လက်နက်ကို င်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ အရပ်သားပြည်သူတွေကြားမှာ အရ ပ်ဝတ်တွေနဲ့နေထိုင်နေကြပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ယူကာ တိုက်ခိုက်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအထဲမှာ အသက်ဆယ့်သုံးနှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တွေ၊သုံးဘီးမောင်းသမားတွေ၊ဆိုင်က ယ်စီးနှင်းလာတဲ့လူငယ်တွေလည်းပါဝင်ပြီး အရပ် သားပြည်သူတွေကို ကယ်ထုတ်လာချိန်မှာ ပုန်းခိုပြီးကြားဖြတ်တိုက်ခိုက်ကြတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူတွေကို ကယ်ထုတ်နေချိန်မှာ အရပ်သားပြည်သူတွေကြားအရပ်သားအသွ င်းယူရောနှောနေထိုင်နေကြတဲ့၊ရိုဟင်ဂျာအမည်ခံလ က်နက်ကိုင်အကြမ်းဖက်သမားတွေဟာ လက်နက် ကိုင်အကြမ်းဖက်သမားတွေကို ဖုန်းဆက်အသိပေးပြီး ဝိုင်းတိုက်ကြတယ်လို့ ဆိုကြပါတယ်။
”အာဆာတွေတွေက ရွာသားတွေနဲ့အတူရွာသားတွေလိုနေကြပါတယ်။တပ်တော်ကလာကယ်နေချိန်မှာသူတို့အချင်းချင်းဖုန်းဆက်အသိပေးထားပါတယ်။ရွာသားတွေထွက်လာချိန်မှာကြားဖြတ်တိုက်ကြပါတယ်။ရွာသားတွေသေအောင်ယုတ်မာကြတာပါ။ ”လို့ မောင်တောမြို့၊လသာရွာနေမွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့၊လသာရွာသားမွတ်ဆလင်လူ မျိုးလေးထောင်ကျော်ကို သြဂုတ်လ ၇ ရက်နေ့က အာရက္ခတပ်တော်(AA)က ကယ်ထုတ်ခဲ့သလိုသြဂုတ်လ ၈ ရက်နေ့ကလည်း ထပ်မံကယ်ထုတ်ခဲ့တ ယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုကယ်ထုတ်နေချိန်မှာ ကြားဖြတ်တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာ၊တိုက်လေယာဥ်တွေနဲ့လာရောက်ပစ်ခတ်တာတွေလည်းပြုလုပ်နေသလို
စစ်ကောင်စီတပ်က ကျေးရွာတွေ၊လူနေအိမ်တွေ၊အ များပြည်သူအသုံးပြုသွားလာနေကြတဲ့လမ်းတွေမှာမြေမြုပ်မိုင်းတွေထောင်ထားခဲ့လို့ စစ်ဘေးရှောင်အ ရပ်သားပြည်သူတွေ မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒ ဏ်ရာရတာတွေရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)က အသက်စွန့်ကယ်ထုတ်နေသူအများစုဟာ မွတ်ဆလင်လူမျိုးတွေဖြစ်ကြပြီး ရခိုင်တချို့နဲ့ဟိန္ဒူအနည်းငယ်ပါဝင်တယ်လို့လည်း ကယ်ထုတ်နေသူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာလူသားဒိုင်းကာအဖြစ်ဓား စာခံပြုလုပ်ခံထားရသူတွေ၊မတရားအဖမ်းခံထားရသူတွေကိုဆက်လက်ကယ်ထုတ်သွားမယ်လို့ အာရက္ခတပ်တော်(AA)က အသိပေးထားပြီးအရပ်သားပြည်သူတွေလိုက်နာရမယ့်အချက်ငါးချက်ကိုလည်းထုတ်ပြန်အသိပေးထားပါတယ်။
ဒါပေမယ့်မွတ်ဆလင်အရပ်သာပြည်သူတချို့ဟာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအတွက်သတင်းပေးဒလန်တွေပြုလုပ်နေတာဟာ အရပ်သားပြည်သူသာမန်မွတ်ဆလင်တွေပါအ သက်ဆုံးရှုံးဒုက္ခရောက်အောင်လုပ်နေကြတယ်လို့ မွတ်ဆလင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။
”စစ်သားတွေက မြို့ကမထွက်ခိုင်းပါဘူး။အာဆာတွေကလည်းထွက်ရင်သက်မယ်လို့ငြိမ်းခြောက်ထားပါတယ်။အေအေကလာကယ်နေတာကို ရွာ သားတချို့က အာဆာကိုဖုန်းဆက်ပြောလိုက်ပါတယ်။ရွာသားတွေထွက်လို့မရခင်စစ်သားတွေ၊အာဆာတွေလာပစ်လို့ တိုက်ပွဲဖြစ်ကြပါတယ်။အာဆာအားပေးတွေကလူတွေသေအောင်၊အချင်းချင်းမ ယုံကြည်အောင်လုပ်နေကြတာပါ။”လို့မောင်တော မြို့ပေါ်မှာပိတ်မိကျန်နေခဲ့တဲ့မွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ် ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်အကြမ်းဖက်သမားတွေဟာ မြို့ပေါ်မှာလှည့်က င်းလှည့်တာတွေ၊ပေါ်ပေါ်ထင်ထင်နေတာတွေမပြုလု ပ်ကြတော့ဘဲ အရပ်သားအဝတ်အစားတွေနဲ့အရပ် သားပြည်သူတွေကြားရောနှောနေပြီး ခြုံခိုပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေကြတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ မွတ်ဆလင်တွအပါအဝင် အရပ်သားပြည်သူတွေပိတ်မိကျန်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကို င်အကြမ်းဖက်သမားတွေက လူသားဒိုင်းကာအ ဖြစ် ဓားစာခံပြုလုပ်ထားကြတယ်လို့ ပိတ်မိကျန်နေသူတွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ မြို့ပေါ်နေရာအများစုမှာနေရာယူခုခံနေကြသလို လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံပစ်ခတ်နေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ ရိုဟင်ဂျာအမည်ခံလက် နက်ကိုင်အကြမ်းဖက်သမားအင်အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှပူးပေါင်းပါဝင်တိုက်ခိုက် ပေးနေကြသလို အကြမ်းဖက်မှုလုပ်ရပ်တွေကိုလ ည်း နေ့စဥ်ရက်ဆက်ကျူးလွန်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=519953793886123&id=100076145194525