By Border News Agency / 2024 August 5

မောင်တောမြို့ပေါ်ရှိ ဧည့်ရိပ်သာတွေ၊တည်ခိုရိပ်သာတွေအပါအဝင် အထပ်မြှင့်နေရာအားလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံလ က်နက်ကိုင်အကြမ်းသမားတွေ ဝင်ရောက်နေရာယူခုခံတိုက်ခိုက်နေကြတယ်လို့မြို့ပေါ်မှာပိတ်မိကျန်နေသူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်ရှိ”ရွှေအိုး”ဧည့်ရိပ်သာ၊” ကျော်”တည်ခိုရိပ်သာအပြင် တခြားတည်ခိုရိပ်သာအားလုံးနဲ့အထပ်မြှင့်နေရာအားလုံးမှာ ဝင်ရောက်နေ ရာယူပြီး အာရက္ခတပ်တော်(AA)ကို ခုခံတိုက်ခိုက်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် ဗလီအားလုံး၊စာသင်ကျောင်းအားလုံး၊ဌာနဆိုင်ရာရုံးအားလုံးနဲ့မြို့မအားကစားကွင်းမှာလ ည်း စစ်ကောင်စီတပ် ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမ ည်ခံလက်နက်ကိုင်အကြမ်းသမားတွေ ဝင်ရောက်နေ ရာယူခုခံတိုက်ခိုက်နေကြတယ်လို့ ဆိုကြပါတယ်။
”ရွှေအိုးမှာရော့၊ကျော်တည်ခိုခန်းမှာပါနေရာယူထားကြတာပါ။မြို့ပေါ်ကတိုက်တွေအများစုမှာနေပြီးပစ် ခတ်နေကြတာပါ။မြို့ပေါ်ကလူတွေကိုလည်းထွက်
ခွင့်မပေးကြပါဘူး။လူသားဒိုင်းကာလိုပြုလုပ်ထားကြတာပါ။ဒဏ်ရာရသူတွေကိုလည်းဆေးမကုပေးရဘူးလို့ RSOကဖိအားပေးထားပါတယ်။”လို့ မောင်တောမြို့၊အမှတ် ၂ ရပ်ကွက်နေမွတ်ဆလင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့၊ရွှေဇားတံတားအနီးရှိ ရှိတ္တာရွာဖက်အခြမ်း နတ်ပင်ရင်းကမ်းနားလမ်းမှဝိမလအ ဆုံး ထိချောင်းဘေးနားတလျှောက်တိုက်တွေအား လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းသမားတွေ ဝင်ရော က်နေရာယူခုခံတိုက်ခိုက်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီတိုက်တွေအားလုံးနီးပါးဟာ ရခိုင်လူမျိုးပိုင်တွေဖြစ်ကြပြီး ရွှေဇားကျေး ရွာဖက်မှရွှေဇားတံတားကိုဖြတ်ပြီး မောင်တောမြို့ထဲသို့ ဝင်ရောက်လာမယ့် အာရက္ခတပ်တော်(AA)ကို ခုခံတိုက်ခိုက်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီတိုက်အိမ်တွေရှိအရပ်သားပြည်သူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသလို နေအိမ်တွေရှိအဖိုးတန်းပစ္စည်းအားလုံးကို ဖောက်ထွင်းခိုးယူထား
ကြပြီး စားသောက်ဖွယ်ရာတွေကိုစားသောင်နေထိုင်ကာ ခုခံတိုက်ခိုက်နေကြတာလို့ ဆိုကြပါတယ်။
”မောင်တောမြို့ပေါ်ကရခိုင်အိမ်အားလုံးနီးပါးကို ဖြို ဖျက်ဖောက်ထွင်းထားကြပြီ။အိမ်မှာလူရှိရင်လည်းအတင်းဖမ်းခေါ်သွားကြပါတယ်။ရခိုင်ဆိုရင်လူမှာတွေ့တာနဲ့ပစ်သတ်လိုက်ကြပါတယ်။မြို့ထဲမှာဗမာစစ်သားတွေရော့၊ကုလားလက်နက်ကိုင်တွေပါ အရ ပ်ဝတ်တွေနဲ့သွားလာနေကြတာပါ။အေအေကမြန်မြန်သိမ်းပါစေလို့ဆုတောင်းနေကြရပါတယ်။”လို့ မောင်တောမြို့ထဲမှာပိတ်မိကျန်နေတဲ့ရခိုင်လူမျိုးတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမ ည်ခံလက်နက်ကိုင်အကြမ်းသမားတွေဟာ ရခိုင်လူ မျိုးတွေ၊ဟိန္ဒူလူမျိုးတွေအပါအဝင်မြို့ပေါ်မှာပိတ်
မိကျန်နေသူတွေကို လူသားဒိုင်းကာအဖြစ်အကာအ ကွယ်ယူပြီး ခုခံတိုက်ခိုက်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်မြို့ပေါ်မှာပိတ်မိကျန်နေခဲ့ကြတဲ့အရပ် သားပြည်သူတွေကို မြို့ပေါ်မှထွက်မပြေးသွားကြဖို့ ဖိအားပေးခြိမ်းခြောက်ထားကြသလို အရပ်သားပြ ည်သူတွေထဲကနေပြီး ခုခံပစ်ခတ်နေကြတာမို့ အရပ် သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြတာလို့ ဆိုကြပါတယ်။
နောက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းသမားတွေဟာ ထိခိုက်ဒဏ်ရာရသွားသူတွေကို အရပ်သားတွေအ ဖြစ်ဆေးကုဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပို့ဆောင်ဖို့ပြင်ဆင်နေကြသလို အခြေအနေမဟန်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးကြဖို့ ဘုတ်တွေအဆင်သင့်ပြင်ဆင်ထားကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတ ပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းသမားတွေဟာ သေဆုံးဒဏ်ရာရသူတွေများနေကြတာမို့ တပ်ပျက်ထွက်ပြေးနေကြသူတွေများနေသလို မြို့ပေါ်လူထုကြားထဲမှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေနဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းသမားတွေ အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု တွေလည်း ရှိနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=517948337420002&id=100076145194525