မောင်တောမြို့တွင် AA ကပြည်သူများအား ကယ်ထုတ်လာချိန် လက်နက်ငယ်များဖြင့် စစ်ကောင်စီနှင့် လက်နက်ကိုင်မူဆလင်များ၏ ပစ်ခတ်မှုကြောင့် ဟိန္ဒီအမျိုးသမီး ၁ ဦးသေ ဆုံးပြီး အမျိုးသား ၁ ဦး ကျည်ထိဒဏ်ရာရ

By Arakan Bay News / 2024 August      9

မောင်တောမြို့တွင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်မူဆလင်များ၏ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရသည့် ပြည်သူများအား အာရက္ခတပ်တော်က ကယ်ထုတ်လာရာလမ်းတွင် လက်နက်ကိုင်မူဆလင်များ၏ ပစ်ခတ်ခံရမှုကြောင့် ဟိန္ဒူအမျိုးသမီး ၁ ဦးသေဆုံးသွားပြီး အမျိုးသား ၁ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မောင်တောမြို့  ရွာသစ်ရပ်ကွက်မှ အဖ ဧရာဒင်း၏သမီး အသက် ၂၂ နှစ်အရွယ် ကီရှ်မားနီဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ဖြစ်သည်။

၎င်းတို့သည် လူအုပ်ဖြင့် စစ်ဘေးလွတ်ရာ ထွက်ပြေးကြစဥ် စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ လိုက်လံ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း AB News ၏ စစ်မြေပြင်တွင် သတင်းယူနေသည့် သတင်းထောက်များက ပြောသည်။

“စစ်ကောင်စီတပ်ကလည်း ဂျက်တိုက်ယာဥ်တွေနဲ့ တောက်လျှောက်လိုက်ပစ်နေပါတယ်။ လူအုပ်စုသွားနေတာကို လိုက်ပစ်နေတာပါ။ အားလုံး ပုန်းနေရပါတယ်။ မိုင်းအန္တရာယ်ကလည်း ရှိပါသေးတယ်။ မူဆလင်လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအဖွဲ့တွေကလည်း လက်နက်ကြီး ငယ်တွေနဲ့ ပစ်နေပါတယ်” ဟု ပြောသည်။

ကျည်ထိ သေဆုံးသွားသည့် ဟိန္ဒီအမျိုးသမီး ကီရှ်မားနီ၏ ဘယ်ဖက် ဘေးစမှ ကျည်ဖောက်ဝင်သွားကာ သေဆုံးသွားခြင်းဖြစ်ပြီး၊ နောက်ဟိန္ဒီအမျိုးသား ၁ ဦးတွင် ဦးခေါင်းတွင် ကျည်ထိမှန် ဒဏ်ရာရသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွာသူအား AA ကဆေးကုသပေးထားပြီး သေဆုံးသွားသည့်အမျိုးသမီး၏ ရုပ်အလောင်အား မိသားစုလက်ထဲသို့ အပ်နှံ့ရန် AA  ကစီစဥ်နေသည်ကို တွေ့ရကြောင်း သတင်းထောက်များက ပြောသည်။ 

ယနေ့မနက်တွင် မောင်တောမြို့တွင်းမှ ပြည်သူ ၆၀၀ ကျော်တို့အား အာရက္ခတပ်တော် AA ကကယ်ထုတ်နိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122162018564180219

Leave a Reply

Your email address will not be published.