မောင်တောတိုက်ပွဲမှာ စစ်ကောင်စီတပ်ကဓာတုအဆိပ်ဓာတ် ငွေ့ ဗုံး အသုံးပြုတိုက်ခိုက်

By Border News Agency / 2024 August   29

အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဓာတုအဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သြဂုတ်လ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီလက်နက်ကိုင်တွေဟာ သြဂုတ်လ ၂၈ ရက်နေ့က မောင်တောမြို့ပြင်ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းသို့ဆုတ်ခွာချိန်မှာ အဲဒီစခန်းမှလက်နက်ကြီးတွေအပြင် ဓာတုအဆိပ်ဓာတ်ငွေ့ဗုံးတွေလည်း အသုံးပြုတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအပြင် မောင်တောမြို့တွင်းမှ ဆုတ်ခွာထွက်ပြေးကြချိန်မှာ သူတို့စခန်းချကာခုခံစစ်ဆင်နွှဲခဲ့တဲ့တိုက်တာအဆောက်အဦးတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နေရာအနှံ့တိုက်ပွဲတွေမှာ စစ်ကောင်စီလက်နက်ကိုင်တွေကိုသြဂုတ်လ ၂၇ ရက်နေ့မှ၂၉ ရက်နေ့ထိ ၃ ရက်အတွင်း စစ်သုံပန်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အရေအတွက်အတိအကျကိုတော့ ဖော်ပြမထားပါဘူး။

အဲဒီမောင်တောမြို့တွင်းမှာ စစ်ကောင်စီတပ်က အဆင့်ဆင့်ခုခံတားဆီးထားတဲ့နေရာတွေကို တခုပြီးတခုရှင်းလင်းတိုက်ခိုက်နေသလို အဲဒီခံစစ်နေရာအများစုကိုလည်း အာရက္ခတပ်တော်(AA)က တခုပြီးတခု သိမ်းပိုက်ရရှိထားပြီးလို့ ဆိုပါတယ်။

အဲဒီမောင်တောမြို့ထဲက ထွက်ပြေးနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်းတိုက်ခိုက်နေတာမို့ မောင်တောမြို့တွင်းနေရာအချို့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(R SO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(A RA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်ကြမ်းဖက်သမားတွေပူးပေါင်းပြီး မြို့ပေါ်နေရာအများစုမှာ လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံပစ်ခတ်နေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မ တော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတ ပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သ မားတွေကို နေ့တိုင်းဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်(AA)ထုတ်ပြန်ပါတယ်။

အဲဒီမောင်တောမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင် အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီအသုံးပြုခုခံနေကြပေမယ့်အာရက္ခတပ်တော်(AA)က မြို့ပေါ်နေရာအများစုကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အဲဒီမောင်တောခရိုင်သိမ်းတိုက်ပွဲတွေမှာအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်ကြမ်းဖက်သမားတွေပါအဝင် စစ်ကောင်စီလက်နက်ကိုင်ထောင်နဲ့ချီပြီး အာရက္ခတပ်တော်(AA)က စစ်သုံးပန်းတွေအဖြစ် အရှင်ဖမ်းမိထားပါတယ်။

Photo-AA

https://www.facebook.com/permalink.php?story_fbid=533529859195183&id=100076145194525

Leave a Reply

Your email address will not be published.