By Border News Agency / 2024 August 29

အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကိုင်တွေကို စစ်သုံးပန်းတွေအဖြစ် ထပ်မံအရှင်ဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်(AA)က သြဂုတ်လ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့နေရာအနှံ့တိုက်ပွဲတွေမှာ စစ်ကောင်စီလက်နက်ကိုင်တွေကို သြဂုတ်လ ၂၇ ရက်နေ့မှ၂၉ ရက်နေ့ထိ ၃ ရက်အတွင်း စစ်သုံပန်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အရေအတွက်အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ သြဂုတ်လ ၂၂ ရက်နေ့က စစ်ကောင်စီလ က်နက်ကိုင် နှစ်ဆယ့်နှစ်ဦး၊သြဂုတ်လ ၂၅ ရက်နေ့က ဖေဇီရွာ၊အမှတ် ၂ ရပ် ကွက်မှာ နှစ်ဆယ့်ငါးဦးနဲ့သြဂုတ်လ ၂၅ ရက်နေ့က ရွာသစ်ကေရပ်ကွက်မှာဆယ့်ခြောက်ဦးကို အရှင်ဖမ်းမိခဲ့တာကို ဓာတ်ပုံ၊ရုပ်သံမှတ်တမ်းတွေနဲ့ထုတ်ပြန်ပါတယ်။
အဲဒီအပြင်ကောင်စီလက်နက်ကိုင်သုံးဆယ်ခြောက်ဦးကိုလည်း စစ်သုံးပန်းတွေအဖြစ် သြဂုတ်လ ၂၂ ရက်နေ့က အာရက္ခတပ်တော်(A A)မှ အရှင်ဖမ်းမိခဲ့ပြီး ဘယ်နေရာ၊ဘယ်စခန်းလို့ အာရက္ခတပ်တော်(AA)မှ ရေးသားမဖော်ပြထားပါဘူး။
ဒါပေမယ့်မောင်တောမြို့သိမ်းတိုက်ပွဲမှာ သြဂုတ်လ ၂၂ ရက်နေ့က မောင်တောအမှတ် ၁ ဝင်/ထွက်စခန်း(POE)မှသိမ်းဆည်းရမိတဲ့လက်နက်မျိုးစုံငါးဆယ်ကျော်ကိုလည်း ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားတာမို့ အမှတ် ၁ ဝင်/ထွက်စခန်း(POE)မှက်ပြေးကြသူတွေဖြစ်နိုင်ပြီး အဲဒီလိုဖမ်းဆီးခံထားရတဲ့နေရာဟာအမှတ် ၁ ဝင်/ထွက်စခန်း(POE)နဲ့ နယ်စပ်ခြံနယ်ရိုးကြားကားလမ်းဘေးမှာဖြစ်နေတာကို Border News Agency ကအတည်ပြုနိုင်ပါတယ်။
အဲဒီအပြင်မောင်တောမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရဲ့မောင်တောမြို့မရဲစခန်းမှဒုရဲမှူး၊ရဲအုပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ သြဂုတ်လ ၂၃ ရက်နေ့က လက်နက်ချအညံ့ခံတယ်လို့သေနတ်ရှစ်လက်နဲ့အတူလူရှစ်ဦးဓာတ်ပုံကို ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ကခံစစ်အခိုင်အမာပြင်ဆင်ပြီးခုခံနေကြပေမယ့် အာရက္ခတပ်တော်(AA) ရဲ့ထိုးစစ်ကြောင့် စစ်ကောင်စီတပ်လက်နက်ကိုင်တွေ လက်နက်ချအညံ့ခံတာတွေ ဆက်တိုက်ပြုလုပ်လာကြတယ်လို့အာရက္ခတပ်တော်(AA)က ဆိုပါတယ်။
အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(R SO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(A RA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အ ကြမ်းဖက်သမားတွေပူးပေါင်းပြီး မြို့ပေါ်နေရာအများစုမှာ လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊န်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကိုအကာအကွယ်ယူပြီး ခုခံပစ်ခတ်နေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ သြဂုတ်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ပစ္စတိုသေနတ်နှစ်လက်အပါအဝင် သေနတ်နှစ်ဆယ်သုံးလက်နဲ့ လက်နက်ခဲယမ်းပုံတွေကိုလည်း ဖော်ပြထားသလို စစ်ကောင်စီလက်နက်ကိုင်အလောင်းတွေနဲ့ အတူစစ်အသုံးအဆောင်ပစ္စည်းတွေ၊လက်နက်ခဲယမ်းတွေကို ဆက်တိုက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေကို နေ့တိုင်းဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်(AA)ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင် အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီအသုံးပြုခုခံနေကြပေမယ့်အာရက္ခတပ်တော်(AA)က မြို့ပေါ်နေရာအများစုကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ဘင်္ဂလားပင်လယ်အော်ကမ်းခြေအနီးရှိ မကျည်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၁၁ ရက်နေ့ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်တုန်းကလည်း စစ်ကောင်စီလက်နက်ကိုင်သုံးဆယ့်ငါးဦးကို ဘင်္ဂလားပင်လယ်ကမ်းခြေအနီးမှာ စစ်သုံးပန်းတွေအဖြစ် အရှင်ဖမ်းမိခဲ့ပါတယ်။
အဲဒီမောင်တောခရိုင်သိမ်းတိုက်ပွဲတွေမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆ င်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေပါအဝင် စစ်ကောင်စီလက်နက်ကိုင်ထောင်နဲ့ချီပြီး အာရက္ခတပ်တော်(AA)က စစ်သုံးပန်းတွေအဖြစ် အရှင်ဖမ်းမိထားပါတယ်။
Photo-AA
https://www.facebook.com/permalink.php?story_fbid=533525152528987&id=100076145194525