By Narinjara / 2024 July 23 ရခိုင်ပြည်၊သံတွဲမြို့တောင်ဘက်ပိုင်း ကွင်းဝိုင်းရေတပ်စခန်းအနီးတွင် အာရက္ခတပ်တော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲကြားထဲက တပ်ကြပ်ကြီး တစ်ဦးအပါအ၀င် တပ်သား ၁၀ဦးခန့် ထွက်ပြေးသွားကြောင်း ရေတပ်နှင့် နီးစပ်သူဒေသခံတစ်ဦးထံမှ တဆင့်သိရသည်။ “ ဆင်ဒင်လေးနဲ့ သရက်ပင်ကွင်းကြားမှာ ကျွဲသောက်ကိုသွားတဲ့လမ်းခွဲမှာတိုက်ပွဲဖြစ်နေတာ ၂ရက်ရှိပြီ။ ရေတပ်က တပ်သားတွေက ပြန်ဆုတ်ချင်နေတာ ဆုတ်ခွင့်မပေးဘူး။ အဲ့တော့ တပ်ကြပ်ကြီးဆန်းဦးနဲ့ တပ်သား ၁၀ ယောက် လက်နက်တွေနဲ့ အတူထွက်ပြေးသွားတယ်”ဟု ၎င်းက ပြောသည်။ …
စစ်ကောင်စီအုပ်ချုပ်ရေးရှိနေသေးတဲ့ စစ်တွေမြို့မှာ တရားဥပဒေစိုးမိုးမှု လုံး၀ကင်းမဲ့နေကာ နေအိမ်တွေကိုဖောက်ထွင်းနေမှုအပေါ် စစ်ကောင်စီအာဏာပိုင်တွေက လစ်လျူရှုထား
By Narinjara / 2024 July 23 ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးထိန်လင်းကိုယ်တိုင် ရုံးထိုင်နေပြီး စစ်ကောင်စီ စစ်တပ်နှင့် ရဲများပါ လုံခြုံရေး အပြည့်အ၀ ယူထားသည့် စစ်တွေမြို့တွင် နေအိမ်ဖောက်ထွင်း ခံရမှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက အဆိုပါ ဖောက်ထွင်းမှုများကို လစ်လျူရှုထားကြောင်း သတင်းရရှိသည်။ …
ရခိုင်မှာ တိုက်ပွဲကာလ ကိုယ်ထူကိုယ်ထ သဘာဝမြေသြဇာ ထုတ်လုပ်ရောင်းချ
By Narinjara / 2024 July 23 ရခိုင်ပြည်တွင် ပြည်တွင်းမှရရှိသော သဘာဝပစ္စည်းများဖြင့် သဘာဝမြေသြဇာကို ကိုယ်ထူကိုယ်ထ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။ ရခိုင်တွင် ဓာတ်မြေသြဇာရှားပါးလာမှုကြောင့် တောင်သူလယ်သမားများအခက်အခဲဖြစ်လာကြမည်ကို စိုးရိမ်၍ ရခိုင်ပြည်မှရရှိသော သဘာဝပစ္စည်းများဖြင့် သဘာဝမြေသြဇာကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း SAP သဘာဝမြေသြဇာ ပိုင်ရှင်က ပြောသည်။ “ထုတ်လုပ်ရတာကတော့ မိုးရာသီဆိုရင် လယ်သမားတွေ ဓာတ်မြေသြဇာ အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ တွေးမိတယ်။ ဆန်စပါးတွေ မထွက်နိုင်ဆိုရင် ဒေသတွင်းမှာ ပိုပြီး လူထုတွေ ကျပ်တည်းလာမယ်။ အခက်အခဲ ဖြစ်လာနိုင်မယ်လို့ မှန်းပြီးတော့ ဒီဟာကို ဆောင်းရာသီကတည်းက လိုအပ်တဲ့ ကုန်ကြမ်းတွေကို ထုတ်လုပ်ထားတာပေါ့။ ဒေသအတွင်းမှာလည်း တောင်သူလယ်သမားတွေ သုံးနိုင်အောင်ဆိုပြီးတော့ စျေးအပေါဆုံးနဲ့ အမြတ်မပါတဲ့ အတိုင်းအတာတစ်ခုအထိကို တစ်အိတ်ကို ၂၇၀၀၀ နဲ့ ရောင်းပေးထားတယ်” ဟုပြောသည်။ အဆိုပါ SAP သဘာဝမြေသြဇာကို စစ်ဘေးရှောင်ရင်း အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတစ်ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီကတည်းက စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချနေရပြီဖြစ်ကြောင်း သူက ပြောသည်။ “ အိတ်ရေတော့ လောလောဆယ် ၂၀၀၀ လောက် အဆင်သင့်ရှိနေတယ်။ မိုတွင်းမလို့ ထုတ်လုပ်မှု ပိုင်းတော့ ရပ်သွားပြီ။ အားလုံး ထုတ်ပိုးပြီး ရောင်းဖို့အတွက် ဂိုဒေါင်ထဲ အဆင်သင့်နေပါပြီ” ဟု ပြောသည်။ SAP သဘာဝမြေသြဇာ၌ ဖွဲပြာ၊ စပါးခွံ၊ ပဲဖတ်၊ မုန်ညင်းဖတ်၊ ဆန်မှုန့်၊ ကျောက်မှုန့်၊ မြေဆွေး၊ နွားချေး၊ EM၊ ငါးအမိုင်နိုနှင့် တင်လဲရည်တို့ပါဝင်ပြီး ဒေသအတွင်း လှိုင်လှိုင်ပေါသည့် ပစ္စည်းများဖြင့် စနစ်တကျ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ သဘာဝမြေသြဇာသည် ဓာတ်မြေသြဇာကဲ့သို့ ဓာတ်မပါဘဲ အကျိုးပြု ဘက်တီးရီးယားများကို မွေးကာ ပြုလုပ်ထားသည့် သဘာဝမြေသြဇာ ဖြစ်သည့်အတွက် ပျက်စီးနေသည့် မြေများကို အဓိက ပြုပြင်ပေးကြောင်း ထုတ်လုပ်သူက ဆိုသည်။ “တိုက်တွန်းချင်တာက လက်ရှိအချိန်မှာ ကိုယ့်ဒေသမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်ပေ့ါ။ ကုန်စျေးနှုန်းတွေကလည်း မြင့်နေတယ်ဆိုတော့ ဓာတ်မြေသြဇာကို သုံးမယ့်အစား ကျနော်တို့ ထုတ်ထားတဲ့ဟာကို သုံးပါ။ ဓာတ်မြေသြဇာ ၅ သိန်းဖြစ်နေတဲ့အချိန်မှာ ၁ တောင်းလောက်ပဲဝယ်။ ကျနော့်အိတ် ၃ အိတ်နဲ့ ရောပြီးကျွေး။ ဒါလည်း ဖြစ်တယ်။ အဲလိုဆိုရင် သက်လည်း သက်သာတယ်။ မြေကိုလည်း ပြင်ပြီးသားဖြစ်သွားတယ်” ဟုဆိုသည်။ လက်ရှိအချိန်တွင် ရခိုင်နှင့် ပြည်မကို ဆက်သွယ်ထားသည့် လမ်းများကို စစ်ကောင်စီက ပိတ်ပင်ထား၍ အဆိုပါ သဘာဝမြေသြဇာတွင် NPK အချိုးအစား မည်မျှပါဝင်သည်ကို စမ်းသပ်ရန် ရန်ကုန်ကို မပို့နိုင်သော်လည်း စနစ်တကျ ထုတ်လုပ်ထားခြင်းကို အာမခံနိုင်ကြောင်း SAP သဘာဝမြေသြဇာ ပိုင်ရှင်က ပြောသည်။ ၎င်းသဘာဝမြေသြဇာကို လာမည့်နှစ်တွင် ယခုထက်ပိုပြီး ကောင်းမွန်သည့် ကုန်ကြမ်းများဖြင့် အသေအချာ ပြုလုပ်သွားမည်ဟု ရည်မှန်းထားပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် သင်တန်းများ …
ကျောက်ဖြူ မဒေးကျွန်းရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက် စခန်းမှာ ကျန်နေတဲ့ရဲတပ်ဖွဲ့ဝင် တွေအား လုံး ဖမ်းဆီးထိန်းသိမ်းခံရ
By Narinjara / 2024 July 23 ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ထဲက တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများရှိရာ မဒေးကျွန်း ရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက် စခန်းတွင်ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းခံရထားကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၁၇ ရက် မနက်အစောကြီးက …
သံတွဲရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို AA ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရေတပ်ကျမည်စိုး၍ စစ်ကူဖြည့်နေရ
By Irrwaddy / 2024 July 23 ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် (AA) က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ စစ်ကောင်စီ၏ အဆိုပါ ရေတပ်စခန်းကို ပြီးခဲ့သည့် …
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
By Western News / 2024 July 23 ရခိုင်ပြည် ဂွမြို့နယ်မှာ တပ်အင်အားနည်း၍ စစ်ကောင်စီက ပြည်သူ့စစ်ထမ်း ရာနှင့်ချီခေါ်ယူပြီး အင်အားဖြည့်တင်းထားကြောင်း ဒေသခံစစ်ရေးစောင့်ကြည့်သူများက ပြောသည်။ ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းနှစ်ခု ခမရ …
ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ
By Western News / 2024 July 23 ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယား Posco ကုမ္ပဏီက ဆောင်ရွက်နေသော ရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်း၏ စတုတ္တအဆင့် တည်ဆောက်ရေး တင်ဒါကို တရုတ် COOEC က ရရှိပြီး …
သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
By Western News / 2024 July 23 ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ငပလီမြို့နှင့် …
ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု ဆိုးရွားပြီး နာတာရှည်ဝေဒနာရှင်များ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ
By Western News / 2024 July 23 https://www.facebook.com/watch/?v=1207548160403346
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
By Western News / 2024 July 23 https://www.facebook.com/watch/?v=930489989090694