By Narinjara / 2024 July 2

ရခိုင်ပြည်မှ အင်အားကြီး ရခိုင်အမျိုးသားပါတီ(Arakan National Party)၏ ပါတီမှတ်ပုံတင်ခွင့်အား စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်ကြောင်း သိရသည်။
ANP ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ ပါ ပြဌာန်းချက်နှင့် ညီညွတ်မှုမရှိဟုဆိုကာ ငြင်းပယ်ခြင်းဖြစ်သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ ငြင်းပယ်လိုက်ကြောင်းကို ယနေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
https://www.facebook.com/photo/?fbid=883088093858321&set=a.609767804523686