ရက္ခိုင်ကုန်သည်များ၏ လောင်စာဆီ ၁၉ ပီပါအား CYLA အဖွဲ့ကထပ်မံဖမ်းဆီးပြီး Diltlang ရဲစခန်းတွင် ထိန်းသိမ်းထား

By Arakan Bay News / 2024 July      17

ဓာတ်ပုံ-The Lawngtlai Post

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ရက္ခိုင်နှင့် ပလက်ဝသို့ ကုန်တင်သွင်းသည့် လမ်းကြောင်းကို CYLA က ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့က ရက္ခိုင်ကုန်သည်များ ကား ၂ စီးဖြင့် တင်လာသည့် လောင်စာဆီ ၁၉ ပီပါအား ထပ်မံဖမ်းဆီးခဲ့ပြီး Diltlang ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း The Lawngtlai Post သတင်းတွင် ဖော်ပြထားသည်။

ရက္ခိုင်ကုန်သည်များ၏ လောင်စာဆီကားအား ဖမ်းဆီးရာတွင် Diltlang ရဲများလည်း ပါဝင်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့်လမ်းကြောင်းကို CYLA အဖွဲ့က မီဇိုရမ်မြို့ဘက်ခြမ်းကနေ ဇွန်လ ၂၄ ရက်နေ့တွင် စတင် ပိတ်လိုက်ခြင်းဖြစ်သည်။

CYLAသည် ထိုသို့ အခြေခံလူသုံးကုန်ပစ္စည်းတင်သွင်းသည့် လမ်းကြောင်းကို ပိတ်လိုက်ခြင်းနှင့် ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ရာရောက်သည်။

တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YLA Diltlang ရုံးခွဲက ပြောကြားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် လောင်တလိုင် (Lawngtlaia) အတွင်းရှိ ရက္ခိုင်မှ စစ်ဘေးရှောင်များကို ပြန်ပို့ရန် စီစဥ်နေကြောင်း ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

CYLA အဖွဲ့သည် ရက္ခိုင်က ကုန်သည်များ၏ လောင်စာဆီ ပီပါ ၁၀၀ ကျော်တို့အား ဖျက်ဆီးပစ်ပြီး ကုန်သည်များထံမှ ငွေညှစ်ခြင်းများပါ ပြုလုပ်လျက်ရှိသည်။

https://www.facebook.com/photo/?fbid=122157291176180219&set=a.122120256032180219

Leave a Reply

Your email address will not be published.